
အောက်တိုဘာ ၃ ရက်နေ့က ယှဉ်ပြိုင် ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းကြီး ချဲလ်ဆီးက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွား ပါတယ်။
ချဲလ်ဆီး အသင်း အတွက် ပွဲချိန် ၁၀ မိနစ်မှာ ၀ီလီယံက ဦးဆောင်ဂိုး အရင် သွားယူခဲ့ တာဖြစ်ပြီး ဆောက်သမ်တန် အသင်း အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို စတီဗင် ဒေးဗစ်က ၄၄ မိနစ်၊ စဒီရို မန်နီက မိနစ် ၆၀နဲ့ ပယ်လီက ၇၃ မိနစ်တွေမှာ ၃ ဂိုး ပြန်လည် သွင်းယူခဲ့ ကြတာ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲမြောက် ရှုံးပွဲတွေ့ ခဲ့တာဖြစ်ပြီး တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၆ မှာ ရပ်တည် နေပါတယ်။ ဆောက်သမ်တန် ကတော့ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေ ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114685

No comments:
Post a Comment