
အောက်တိုဘာ ၃ ရက်နေ့ ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးက နယူးကာဆယ်ကို ၆-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင် ရရှိသွား ပါတယ်။
နယူးကာဆယ် အသင်း အတွက် တလုံးတည်းသော ဂိုးကို ပွဲစပြီး ၁၈ မိနစ်မှာ အလက်ခ်စံဒါ မစ်ထရိုဗစ်က သွင်းယူ ခဲ့တာဖြစ် ပါတယ်။
မန်စီးတီး အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ကိုတော့ တိုက်စစ်မှူး အက်ဂွါရိုက ပွဲချိန် ၄၂၊ ၄၉၊ ၅၁၊ ၆၀ နဲ့ ၆၂ စတဲ့ မိနစ် ၂၀ အတွင်းမှာ ၅ ဂိုးထိ သွင်းယူကာ ခြေစွမ်းပြ ခဲ့ပြီး ကီဗင် ဒီဘရူနီက ၅၄ မိနစ်မှာ ၁ ဂိုး သွင်းယူ ခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ ဒီပွဲ အနိုင်ကြောင့် ၈ ပွဲကစား ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်လည် aရာက်ရှိ သွားပါတယ်။
နယူးကာဆယ် အသင်း ကတော့ ဒီပွဲ အရှုံးကြောင့် ၈ ပွဲကစား ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။
Original link - http://burmese.dvb.no/archives/114682

No comments:
Post a Comment