မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 1, 2015

ကစားသမား ဘဝတစ်လျှောက် ဂိုး ၅၀၀ ပြည့်သွားတဲ့ C.Ronaldo




ရီးရဲလ် တိုက်စစ်မှူး Ronaldo ဟာ အခု တလောမှာ အောင်မြင်မှု မှတ်တိုင်တွေ တစ်ခုပြီး တစ်ခု စိုက်ထူနေ ပါတယ်။

သူဟာ မနေ့ညက ကစားခဲ့တဲ့ မဲလ်မို အသင်းနဲ့ ပွဲစဉ်မှာ ဂိုးနှစ်ဂိုးကို သွင်းယူ ခဲ့ပြီးနောက်မှာ ဂိုး ၅၀၀ ပြည့်သွား ခဲ့တာပါ။

သူဟာ ရီးရဲလ် အသင်းရဲ့ သမိုင်း တစ်လျှောက် ဂိုးသွင်း အများဆုံး စံချိန်ကို ချိုးဖျက်နိုင်ဖို့ လက်တစ်ကမ်း အလိုမှာပဲ ကစားသမား ဘဝတစ်လျှောက် ဂိုး၅၀၀ ပြည့်ခဲ့ တာလည်း ဖြစ်ပါတယ်။

သူဟာ ရီးရဲလ် အသင်းမှာ သွင်းဂိုး ၅၀၀ ထဲက ၆၄% ကို သွင်းယူ ထားပြီး မန်ယူအသင်းမှာ ၂၄% ပေါ်တူဂီ လက်ရွေးစင် အသင်းမှာ ၁၁% နဲ့ ကစားသမား ဘဝ စတင်ခဲ့တဲ့ စပို့တင်း လစ္စဘွန်း အသင်းမှာ ၁ % ကို သွင်းယူပေး ခဲ့တယ်လို့ သိရပါတယ်။

Ronaldo ဟာ ရီးရဲလ် အသင်းခေါင်းဆောင်ဟောင်း Raul ရဲ့ စံချိန် ၃၂၃ ဂိုးကို လိုက်မှီဖို့ တစ်ဂိုးသာ လိုတော့တယ်လို့ သိရပါတယ်။ Raul ဟာ ၇၄၁ ပွဲ ကစားပြီးမှ ဒီစံချိန်ကို တင်နိုင် ခဲ့တာဖြစ်ပေမယ့် Ronaldo ကတော့ ၃၀၈ ပွဲသာ ကစားပြီး စံချိန်ကို ချိုးဖျက်ဖို့ နီးစပ် လာခဲ့ တာပါ။

ဒါကြောင့် များမကြာမှီ ရက်တွေ အတွင်းမှာ စံချိန်တစ်ခု ထပ်တင်နိုင် အုံးမယ့် Ronaldo ကို ဆက်လက် စောင့်ကြည့် ရအုံးမှာပဲ ဖြစ်ပါတယ်။

(Paing A K)

သစ်ထူးလွင်(အားကစား)

Ref : Mirror

Original link - http://sports.thithtoolwin.com/2015/10/cronaldo.html

No comments:

Post a Comment