မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

Depay နဲ့ Martial ဟာ ကျွန်တော်နဲ့ Ronaldo လို ဖြစ်လာနိုင်တယ်လို့ Rooney ပြော




မန်ယူတိုက်စစ်မှူး Rooney ကတော့ Memphis Depay နဲ့ Anthony Martial တို့ဟာ ပေါ်တူဂီစတား Ronaldo နဲ့ သူ့လို အတွဲအဖက်မိတဲ့ တိုက်စစ်ဖြစ်လာနိုင်ချေတွေ အများကြီးရှိတယ်လို့ သုံးသပ်လိုက်တာပါ။

Ronaldo ဟာ အိုးထရက်ဖို့ဒ်မှာ ခြောက်နှစ်ကြာ Rooney နဲ့ တွဲကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားသုံးကြိမ် ၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်နဲ့ အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၉ ခုနှစ်အရောက်မှာတော့ Ronaldo က ရီးရဲလ်အသင်းကို ပေါင်သန်းရှစ်ဆယ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

အခုလောလောဆယ်မှာတော့ ပီအက်စ်ဗွီအသင်းက Depay ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာတဲ့ Martial ကတော့ အကောင်းဆုံးခြေစွမ်းတွေနဲ့ တောက်ပ နေတာပါ။

ဒါ့ကြောင့် Rooney က ခြေစွမ်းပျောက်လို့ စိတ်ဓာတ်ကျနေတဲ့ Depay ကို အားပေးစကားပုံစံမျိုး ပြောလိုက်တာဖြစ်ပြီး တစ်နေ့မှာ CR7 လို ဖြစ်လာနိုင်တယ်လို့ အားပေးလိုက်တာလည်း ဖြစ်ပါတယ်။



"သူတို့နှစ်ယောက်မှာ ကောင်းမွန်တဲ့ အရည်အချင်းနဲ့ ခြေစွမ်းကောင်းတွေ ရှိပါတယ်။ သူတို့ဟာ လူငယ်ကစားသမားတွေ ဖြစ်နေသေးတယ်။ သင်ယူဖို့ အခွင့်အရေးတွေ အများကြီး ရှိနေပါသေးတယ်။ သူတို့သာ နည်းပြ ပြောသလို လုပ်မယ်၊ ကြိုးစားမယ်ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေ ဖြစ်လာမှာပါ " လို့ Rooney က ပြောပါတယ်။

Martial ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးတော့လည်း " သူက အသက်နဲ့ မလိုက်အောင် တန်ဖိုးကြီးခဲ့တော့ သူကြိုးစားပြနေတာပါ။ သူသုံးဂိုးသွင်းနိုင်ခဲ့တယ်။

ဒါပေမယ့် သူ့မှာ ဂိုးသွင်းမှ ရမယ်ဆိုတဲ့ ဖိအားမျိုးတွေ ရှိနေသေးတယ်။ " လို့ ပြောပြသွားပါတယ်။ နောက်ခံလူ Smalling ဟာလည်း မန်ယူရဲ့ ခံစစ်တံတိုင်းကစားသမား ဖြစ်လာပြီလို့လည်း MUTV ကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

Ref :Goal.com

Original link - http://sports.thithtoolwin.com/2015/10/depay-martial-ronaldo-rooney.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment