မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

ဘာစီလိုနာ တိုက်စစ်ကို အကောင်းဆုံး အားဖြည့်ပေးနေတဲ့ Suarez




ဘာစီလိုနာ အသင်းကတော့ အဓိက တိုက်စစ်မှူး Messi ဒဏ်ရာ ရနေတာကြောင့် အရင်လောက် ကစားပုံ မကောင်း ခဲ့ပေမယ့်လည်း လိုအပ်တဲ့နိုင်ပွဲ တွေကို ရယူခဲ့ပြီး ရီးရဲလ် မက်ဒရစ်ကို မျက်ခြေ မပြတ် လိုက်နေပါတယ်။ အိုက်ဘာအသင်းနဲ့ပွဲမှာ အသင်းရဲ့ ခံစစ်မှူး Javier Mascherano က အနီကတ်ပြ ထုတ်ခံခဲ့ရပေမယ့် အကောင်းဆုံး အနေအထား တစ်ရပ်နဲ့ လိုအပ်တဲ့နိုင်ပွဲ ကိုတော့ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် Suarez ကတော့ သူ့ရဲ့ ဟက်ထရစ်ဂိုးနဲ့ ကယ်တင်ရှင် ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ကို မျက်ခြေမပြတ်ခဲ့ဘဲ ရမှတ်တူ ဂိုးကွာအနေအထားနဲ့ အဆင့်နှစ် နေရာမှာ ရပ်တည်နေတာပါ။ အဲ့ဒီပွဲကိုတော့ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး Messi ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး အသင်းဖော် Suarez ရဲ့ အကောင်းဆုံးခြေစွမ်းကို အားရလျက်ရှိနေပါတယ်။ ဘာစီလိုနာနောက်တန်းဟာ clean sheet တော့ မရယူပေးနိုင်ခဲ့ပေမယ့် အသင်းကတော့ နိုင်ပွဲရယူနိုင်ခဲ့လို့ ကျေနပ်နေကြပါတယ်။

နောက်တန်းလူ Mascherano အထုတ်ခ့ခဲ့ရတာကို အပြစ်မမြင်သလို အကောင်းဆုံးပုံစံနဲ့ Suarez ကိုလည်း တန်ဖိုးဖြတ်မရတဲ့ တိုက်စစ်မှူးလို့ နည်းပြ Enrique က ပြောခဲ့ပါတယ်။ ဘာစီလိုနာဟာ တိုက်စစ်မှူး Messi မရှိတဲ့ အချိန်တွေမှာ Rakitic , Suarez စတဲ့ ကစားသမားတွေက အကျိုးပြုနေပြီး လာမယ့်နိုဝင်လာလအတွင်းမှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ အယ်ကလာစီကို ဒါဘီကိုလည်း Messi မပါဝင်ရင်လည်း ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ နည်းပြ Enrique က ကြုံးဝါးထားပါတယ်။

Ref : BBC

Original link - http://sports.thithtoolwin.com/2015/10/suarez.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment