မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

လီဗာပူးလ်ကို ရှုံးရင် ထုတ်ပယ်ခံရမယ်လို့ သတင်းထွက်နေတဲ့ Mourinho




ချယ်လ်ဆီး နည်းပြ Jose Mourinho ဟာ လာမယ့် စနေနေ့မှာ ကစားမယ့် လီဗာပူးလ် အသင်းနဲ့ ပွဲကို ထပ်မံ ရှုံးနိမ့်အုံးမယ် ဆိုရင် ထုတ်ပယ် ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။

ချယ်လ်ဆီး အသင်းဟာ စနေနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် ငါးပွဲမြောက် အရှုံးကိုကြုံတွေ့ လိုက်ရတာလည်း ဖြစ်ပါတယ်။

အသင်းပိုင်ရှင် RomanAbramovich ကတော့ သူ့မွေးနေ့ ကျင်းပဖို့ အတွက်အင်္ဂလန်မှာ ရှိမနေသေးဘဲ နိုင်ငံခြားကို ရောက်ရှိနေ တာကြောင့် Mourinho ရဲ့ အနာဂတ်ကို ရေရေရာရာ မသိရသေးတာ ဖြစ်ပါတယ်။

သူဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဒိုင်ကို စောဒက တက်ခဲ့တာကြောင့် ထုတ်ပယ် ခံခဲ့ရပြီး ပွဲကြည့်စင်ပေါ်မှာသာ ကြည့်ခွင့် ရခဲ့တာပါ။ ကွင်းလယ်ဒိုင် Jon Moss ရဲ့ report ကို FA က စောင့်ကြည့်နေပြီး Mourinho ကို ထပ်တိုးပွဲပယ် ပြစ်ဒဏ် ချမှတ်ဖို့ ရှိ၊မရှိ ကို ဆုံးဖြတ်ချက် ချသွားမှာပါ။ အဲ့ဒီပွဲမှာ ကွင်းလယ်လူ Matic ကလည်း ထုတ်ပယ်ခံ ခဲ့ရပြီး ချယ်လ်ဆီးရဲ့ ကစားသမားတွေကို ထိန်းချုပ်နိုင် မှုကိုလည်း ဝေဖန် ခံခဲ့ရပါတယ်။

Mourinho ကတော့ အင်္ဂါနေ့မှာ Capital One ဖလားပွဲအဖြစ် စတုတ်နဲ့ ပွဲစဉ်ကို ကိုင်တွယ်ခွင့် ရမှာဖြစ်ပြီး နောက်အပတ်စနေနေ့မှာတော့ Klopp ရဲ့ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အကယ်လို့ Mourinho သာ ထုတ်ပယ်ခံရမယ်ဆိုရင် နည်းပြဟောင်းတွေဖြစ်တဲ့ Carlo Ancelotti နဲ့ Guus Hiddink တို့ကတော့ ရေပန်းစားနေတယ်လို့လည်း Mirror က ဖော်ပြပါတယ်။

Ref : Mirror

Original link - http://sports.thithtoolwin.com/2015/10/mourinho.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment