လာမည့်နှစ် ဘောလုံးရာသီတွင် လိဂ်-၁ တန်းတက် လာခဲ့သော Horizon အသင်း (ဓာတ်ပုံ-ရွှေဘုတ်)
အောက်တိုဘာ ၃၀၊ ရန်ကုန်။။ ၂၀၁၆ ဘောလုံး ရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၁ သို့ တန်းတက် လာခဲ့သော Horizon အသင်းသည် အသင်းပြင်ဆင်မှု အနေဖြင့် နိုင်ငံခြားသား နည်းပြသစ် ခေါ်ယူရန် စီစဉ်ထားသည် ဟု အသင်း မန်နေဂျာ ဦးကျော်ကျော်ဦးက ပြောသည်။
Horizon အသင်းကို ပြီးခဲ့သည့် ၂၀၁၅ ဘောလုံး ရာသီက တူရကီ နည်းပြ ရက်ဇ် က နည်းပြချုပ် အဖြစ် တာဝန်ယူ ခဲ့သော်လည်း လာမည့်နှစ်တွင် ၄င်းက လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ပြီး လူငယ်အသင်း ကလည်း ကိုင်တွယ်သွားမည် ဖြစ်သည်။
“ လာမယ့် ရာသီအတွက် နည်းပြသစ် ခေါ်သွားမှာပါ။ အသင်းဥက္ကဌက အခု တူရကီမှာ နည်းပြအသစ်ခေါ်ဖို့ ညှိနေပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့လောက် ပြန်ရောက်ရင် တခါတည်း ခေါ်လာမှာပါ။ အရင်နည်းပြကတော့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ပြီး လူငယ်အသင်းကို ကိုင်တွယ်သွားမှာပါ။
အသင်းက လိဂ်-၁ ကို တန်းတက်လာပြီ ဆိုတော့ အကောင်းဆုံးပြင်ဆင်သွားဖို့ စီစဉ်ထားပါတယ်။ ပြည်ပကစားသမားကိုလည်း ၃+၁ စည်းမျဉ်းအတိုင်း အကုန်ခေါ်ဖို့ ရှိပါတယ်။ ပြည်တွင်းကစားသမားသစ်တွေ ထပ်ဖြည့်သွားမှာပါ ” ဟု ဦးကျော်ကျော်ဦး က လာမည့်နှစ် အသင်းပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။
Horizon အသင်းသည် အသင်းသမိုင်းတလျောက် ပထမဆုံး လိဂ်-၁ သို့ တန်းတက်နိုင်ခဲ့ပြီး လာမည့်နှစ်အတွက် နိုင်ငံခြားသားနည်းပြသစ်အပြင် ပြည်တွင်း၊ ပြည်ပ ကစားသမားအသစ် ဆယ်ဦးခန့် ထပ်မံခေါ်ယူ အားဖြည့်သွားမည် ဖြစ်သည်။
မဇ္ဈိမ မာလ်တီမီဒီယာ by mizzima
Original link - http://mizzimaburmese.com/article/6745
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment