မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 30, 2015

နိုဝင်ဘာ ၃ရက်တွင် မြန်မာ့ လက်ရွေးစင် အသင်းနှင့် မြန်မာယူ - ၂၁ အသင်းတို့ ခြေစမ်းပွဲ ကစားမည်



မြန်မာယူ-၂၁အသင်းနှင့် ရန်ကုန်အသင်းတို့ ခြေစမ်းပွဲ ကစားနေစဉ်။(ဓာတ်ပုံ- MFF)

အောက်တိုဘာ ၃၀၊ ရန်ကုန်။ ။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် နိုဝင်ဘာ ၁၂ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ကစားရမည့် မြန်မာ့ လက်ရွေးစင် အသင်းနှင့် ဗီယက်နမ်ယူ-၂၁ ဖိတ်ခေါ် ပြိုင်ပွဲ ၀င်မည့် မြန်မာယူ - ၂၁အသင်းတို့ နိုဝင်ဘာ ၃ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို နည်းပြသစ် ဂတ်ဇီဆီဖရိုင်းဒရစ်ကိုင်တွယ်ပြီးနောက် ယင်းခြေစမ်းပွဲမှာ ပထမဆုံးပွဲဖြစ်ပြီး ပရိသတ်များကိုလည်း လက်မှတ်ရောင်းချကြည့်ရှုခွင့် ပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်။

“ဥက္ကဋ္ဌက ဒီနှစ်သင်းကို ခြေစမ်းပွဲကစားစေချင်တယ်။ ဒါကြောင့်ဒီပွဲကို စီစဉ်ဖြစ်တာပါ။ ပရိသတ်တွေကိုလည်း လက်မှတ်ရောင်းချပြီးကြည့်ရှုခွင့်ပေးပါမယ်။ အချိန်ကတော့ လောလောဆယ် မသတ်မှတ်ရသေးပါဘူး။ နှစ်သင်းစလုံးအတွက် အကျိုးရှိစေမယ့်ခြေစမ်းပွဲပါ။”ဟု မြန်မာယူ-၂၁အသင်း လက်ထောက်နည်းပြ ဦးညီညီလတ်ကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂတ်ဇီဆီဖရိုင်းဒရစ်၊ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်၊ အသင်းမန်နေဂျာအဖြစ် ဦးသန်းတိုးအောင်တို့ကဆောင်ရွက်မည်ဖြစ်ပြီး မြန်မာယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံ၊ လက်ထောက်နည်းပြအဖြစ် ဦးညီညီလတ်၊ အသင်းမန်နေဂျာအဖြစ် ဦးတင်မြင့်အောင်က ဆောင်ရွက်မည်ဖြစ်သည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/6747

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment