မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 30, 2015

ဒီမာရီယာ သွင်းဂိုးဖြင့် ပီအက်စ်ဂျီက ရိန့်ကို အနိုင်ရ (ရုပ်သံ)




အောက်တိုဘာ ၃၀ ရက် ပြင်သစ်လိဂ် ၀မ်းက ပဲရစ် စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)နဲ့ ရိန့် အသင်းတို့ ကစားရာမှာ ပီအက်စ်ဂျီ အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။

ပီအက်စ်ဂျီ အသင်း အတွက် အနိုင် ဂိုးကို ဒုတိယပိုင်း ၇၅ မိနစ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ပြောင်းလာတဲ့ ဒီမာရီယာက သွင်းယူပေး သွားပါတယ်။

ပီအက်စ်ဂျီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားခဲ့သလို ဒုတိယပိုင်း တပိုင်းလုံး ရိန့် အသင်းကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် ရိန်းအသင်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပီအက်ဂျီအ သင်း ရုန်းကန်ခဲ့ရပါတယ်။

ဒီပွဲအနိုင်ရသွားတဲ့အတွက် အီအက်စ်ဂျီအသင်းဟာ ၁၂ ပွဲကစား ၁၀ ပွဲနိုင် ၃၂ မှတ်နဲ့ ပြင်သစ်လိဂ် ၀မ်း အမှတ်ပေးဇယားမှာ နံပါတ် ၁ နေရာကနေ ဦးဆောင်နေပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/119417

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment