မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 30, 2015

ချဲလ်ဆီး နည်းပြ အဖြစ် အနာဂတ်အပေါ် စိုးရိမ်မှု မရှိဟု မော်ရင်ဟို ပြော



Football - Chelsea - Jose Mourinho Press Conference - Chelsea Training Ground - 30/10/15 Chelsea manager Jose Mourinho during the press conference Action Images via Reuters / Matthew Childs Livepic

အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းနည်းပြက အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ် ပူပန်မှုမရှိဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။

အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား နံပါတ် ၁၅ နေရာမှာ ရပ်တည်နေပြီး ဒီနှစ် ရာသီ ၁၀ ပွဲကစားရာမှာ ၃ ပွဲပဲ အနိုင်ရထားပါတယ်။

အနာဂတ်၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိသလို ဒီဟာတွေအတွက် တစက္ကန့်တောင် အချိန်မဖြန်းဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက် ချဲလ်ဆီးဟာ လီဗာပူးကို ရှုံးနိမ့်ရင် မော်ရင်ဟိုကို အလုပ်ကနေ ထုတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ချဲလ်ဆီး ဘုတ်အဖွဲ့နဲ့ ပိုင်ရှင် အဗရာမိုဗစ်ခ်ျထံကနေ အနာဂတ်နဲ့ ပတ်သက်ပြီး အာမခံချက်ရသလားဆိုတဲ့ မေးခွန်းကိုတော့ မော်ရင်ဟိုက မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပါဘူး။

သြဂုတ်မှာ မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းနဲ့ ၂၀၁၉ ဇွန်လ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ချဲလ်ဆီးအသင်းက အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။

အရင်က ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ် ထိပ်တန်း ၄ သင်းဝင်ပြီး ချန်ပီယံလိဂ် ကစားခွင့်ရခဲ့ပေမယ့် နည်းပြကို ချဲလ်ဆီးအသင်းပိုင်ရှင်က ထုတ်ပယ်ခဲ့ဖူးပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/119433

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment