
အဲဗာတန်ရဲ့ အဓိက တိုက်စစ်မှူး Romelu Lukaku က သူဟာ နာမည်ကျော်နည်းပြ နှစ်ဦးဖြစ်တဲ့ Arsene Wenger နှင့် Mourinho တို့ လက်အောက်မှာ ကစား ချင်တယ်လို့ ဝန်ခံပြောကြား ခဲ့ပါတယ်။
သူဟာ အာဆင်နယ် နည်းပြ Arsene Wenger လက်အောက်မှာ မကစား ခင်မှာ နည်းပြ Mourinho ရဲ့ လက်အောက်မှာ ကစားချင် သေးတယ်လို့ ဝန်ခံခဲ့တာပါ။
သူဟာချယ်လ်ဆီးမှာ ကစားစဉ်က နည်းပြ Mourinho က သူ့ကို အသင်းမှာ ကစားဖို့ အဆင့် မမှီသေးဘူးလို့ သုံးသပ် ခဲ့တာကြောင့် ယခု အချိန်မှာ ပြန်လည် အစွမ်းပြ ချင်နေခဲ့တာ ဖြစ်ပါတယ်။
Romelu Lukaku ဟာ ဘယ်နည်းပြ လက်အောက်မှာ ကစားချင် ဆုံးလဲ ဆိုရင်တော့ " နည်းပြ Mourinho ကတော့ နံပါတ်တစ် ပါပဲ။ ပြီးရင်တော့ Wenger နဲ့ Guardiola တို့က အစဉ်လိုက် ဖြစ်ပါလိမ့်မယ် " လို့ ဖြေခဲ့ ပါတယ်။
Lukaku ဟာ ချယ်လ်ဆီးမှာ ကစားစဉ်သုံးနှစ် အတွင်းမှာ အသင်းကြီးမှာ ခြေစွမ်းပြဖို့ အခွင့်အရေးတွေ နည်းပါး ခဲ့ပြီး အငှား စာချုပ်တွေနဲ့ပဲ အချိန်ကုန်နေ ခဲ့ရတာပါ။ ဒါကြောင့်သူဟာ ၂၀၁၄ ခုနှစ်မှာ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြ ကစားခဲ့ တာကြောင့် အသင်းကြီး အတော် များများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ သူဟာ မန်ယူ အသင်း တိုက်စစ်မှူး Rooney ရဲ့ ချီးကျူးမှု ကိုလည်းရရှိ ခဲ့ပါတယ်။
ဒါကြောင့် Lukaku ဟာ အဲဗာတန် အသင်းနဲ့ အနာဂတ် လှုပ်ခတ် လာချိန်မှာ အခုလို လေသံ ပစ်လိုက် တာကြောင့် တိုက်စစ်မှူး လိုနေတဲ့ အာဆင်နယ် နည်းပြ Wenger အတွက်တော့ မျက်စိကျ စရာဖြစ်လာ ပါတယ်။
Ref : Mirror
Original link - http://sports.thithtoolwin.com/2015/10/romelu-lukaku-arsene-wenger-mourinho.html





No comments:
Post a Comment