
ဘောစနီးယားနိုင်ငံ ဘောလုံး အသင်းက ထုတ်ပယ် လိုက်တဲ့ အကြောင်း ဖေ့စ်ဘွတ်ခ် တဆင့် နည်းပြက သိရှိခဲ့ ရပါတယ်။
အသင်း မန်နေဂျာ ဗလာဒီကာ ပက်ထရိုဗစ်က ဒရီနာ ဇာဗောနစ် ကလပ် လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်ကို သွားကြည့်မှသာ အလုပ်က ထုတ်ယ် လိုက်တယ်လို့ သိရပါတယ်။
ထုတ်ပယ်လိုက်တဲ့ အကြောင်း ရေးသား ထားတဲ့ ပိုစ်အောက်မှာ ပက်ထရိုဗစ်က အခုလို အသိပေးတာကို ကျေးဇူးတင်တဲ့ အကြောင်း ရေးသား ခဲ့ပါတယ်။
မန်နေဂျာကို ဇူလိုင်လက ခန့်အပ် ခဲ့တာ ဖြစ်ပါတယ်။ ကလပ် အသင်းဟာ ၁၀ ပွဲမှာ ၈ ပွဲ ရှုံးနိမ့် ထားပါတယ်။
ဒရီနာ ဇာဗောနစ်ကလပ် အသင်းဟာ ဘော့စနီးယား ပရီးမီးယားလိဂ် အောက်ဆုံးမှာ ရပ်တည်နေ ပါတယ်။ ဒီဘောလုံး ရာသီအတွင်း ၁၀ ယောက်မြောက် အလုပ်ပြုတ်သွားတဲ့ နည်းပြလည်း ဖြစ်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114523





No comments:
Post a Comment