
အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီး အသင်း မန်နေဂျာ မော်ရင်ဟိုက နည်းပြဘ၀ အဆိုးဝါးဆုံး အချိန်နဲ့ ရလဒ်တွေကို တွေ့ကြုံနေ ရတယ်လို့ ပြောပါတယ်။
ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်မှာ ၇ ပွဲကစား ခဲ့ရာမှာ ၂ ပွဲနိုင် ၃ ပွဲရှုံး ထားပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေ ပါတယ်။
ဒါဟာ တကယ့်ကို ဆန်းပြားတဲ့ အတွေ့အကြုံတခု ဖြစ်သလို ဒီအတွေ့အကြုံကို ထပ်ပြီးတော့ ပြန်မတွေ့ချင်တော့ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။
ဒါ့အပြင် အသင်းမှာ မငြိမ်သက် မတည်ငြိမ်တာမရှိဘဲ ကစားသမားတွေက အကောင်းဆုံးကစားနေတယ်လို့ ဆိုပါတယ်။
အမှားလုပ်မိတဲ့ကစားသမားတွေက အမှားလုပ်မိတာကို သိသလို ခံစားတတ်တယ်လို့လည်း သူက ပြောပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114535

No comments:
Post a Comment