မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

ဖီဖာ ဥက္ကဋ္ဌ နုတ်ထွက်ရန် ကူညီထောက်ပံ့ ပေးနေသည့် ကုမ္ပဏီများ တောင်းဆို




ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ကို အဓိက ပံပိုး ကူညီထားတဲ့ ထိပ်တန်း ကုမ္ပဏီတွေက ဥက္ကဋ္ဌ ဆပ်ဘလတ္တာကို ရာထူး ကနေ ဆင်းပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဆွစ်ဇာလန် တာဝန်ရှိ သူတွေက ဘလတ္တာကို ရာဇဝတ်မှုတွေ အတွက် စုံစမ်း စစ်ဆေးဖို့ စတင် လိုက်ပြီးနောက်မှာ ကိုကာကိုလာ အချိုရည်၊ မက်ဒေါ်နယ်၊ ဗီဇာကတ်နဲ့ ဘဒ်ဝိုင်ဇာ ဘီယာ ကုမ္ပဏီတွေက လာဘ်စားမှု အရှုပ်တော်ပုံ တွေကြောင့် ရာထူးကနေ ဆင်းပေးဖို့ တောင်ဆိုး ထားပါတယ်။

ဘလတ္တာ ရာထူးကနေ ဆင်းပေးရင် ကောင်းမွန်ပြီး တည်မြဲတဲ့ ပြန်လည်ပြုပြင်ရေး အစီအစဉ်ကို စတင်နိုင်မယ်လို့ ကိုကာကိုလာ ကုမ္ပဏီက ပြောပါတယ်။

ဗီဇာကတ် ကုမ္ပဏီကလည်း လက်ရှိ ဖီဖာ ဦးဆောင်မှုအောက်မှာ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဘလတ္တာရဲ့ ရှေ့နေကတော့ ဘလတ္တာ နုတ်ထွက်တာဟာ ဖီဖာရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အဖြေမဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

လက်ရှိအချိန်မှာ ကိုကာကိုလာ၊ မက်ဒေါ်နယ်နဲ့ ဗီဇာကတ် ကုမ္ပဏီတွေဟာ ဖီဖာနဲ့ ဘောလုံးပြိုင်ပွဲတွေကို ဒေါ်လာသန်းပေါင်း ဆယ်ချီပြီး ထောက်ပံ့နေတာလည်း ဖြစ်ပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114556

No comments:

Post a Comment