မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

အင်္ဂလန်ရဲ့ လက်ရှိ အင်အားစုက ကြောက်မက်ဖွယ် ဖြစ်လာပြီလို့ နည်းပြ Roy Hodgson ပြော




အင်္ဂလန် အသင်းဟာ မနေ့ညက လစ်သူရေးနီးယား အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ Hodgson က အခုလို ပြောလိုက် တာပါ။ အဲ့ဒီပွဲမှာ အင်္ဂလန်ရဲ့ လူငယ်တွေ ဖြစ်တဲ့ Barkley , Kane နဲ့ Chamberlain တို့က ခြေစွမ်းပြ ကစားသွား ခဲ့တာပါ။ Hodgson က ယူရိုခြေစစ် ပွဲမှာ ပွဲစဉ် အားလုံးကို အနိုင်ရအောင် ကစားပေးခဲ့တဲ့ သူ့ရဲ့ ကစားသမားတွေ ကိုလည်း ယုံကြည်မှု အပြည့်ရှိကြောင်း ပြောလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာပါ။ Hodgson က " အသင်းဟာ ရှုံးပွဲမရှိတဲ့ ပုံစံကောင်းတစ်ခုကို ဆက်ထိန်းထားနိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အဆင့်မှီ လှပတဲ့ဂိုးတွေကိုလည်း တည်ဆောက်ပေးနေနိုင်ပြီလေ။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေ ရှိနေလို့ပါ " လို့ Hodgson ကပြောပါတယ်။

" ကျွန်တော်တို့ လိုချင်တဲ့ ပစ်မှတ်ကိုထားပြီး ရောက်အောင်သွားရမှာပါ။ အရင် ကမ္ဘာ့ဖလားမှာ အရှက်ကွဲခဲ့တာတွေကို မေ့ပျောက်အောင် လုပ်နိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ပြင်သစ်ကို ခေါ်သွားမယ့် လူစာရင်းကိုတော့ အမှားမရှိအောင် ရွေးချယ်ရတော့မယ်လေ " လို့ ပြောသွားခဲ့တာပါ။

ဒါကြောင့် အင်္ဂလန်အသင်းဟာ ခြေစွမ်းပြနေတဲ့ Barkley , Chamberlain , Kane တို့ လူငယ်အင်အားစုနဲ့ လာမယ့် ယူရိုပြိုင်ပွဲမှာ ဘယ်အတိုင်းအတာထိအောင်မြင်မှုရယူနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Original link - http://sports.thithtoolwin.com/2015/10/roy-hodgson.html


No comments:

Post a Comment