ပထမနေရာမှာ ရပ်တည်နေ တာကတော့ မန်ယူနောက်ခံလူ Smalling ရဲ့ ချစ်သူ Sam Cooke ပါ။ သူမ ကတော့ Glamour မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ကောက်ကြောင်း အလှတွေကြောင့် ပုရိသတွေက Smalling ကိုတောင် မနာလိုဖြစ် သွားစေနိုင်တယ်လို့ ဆိုပါတယ်။

ဒုတိယနေရာ မှာတော့ မန်စီးတီး နောက်ခံလူ Martin Demichelis ရဲ့ ဇနီး Evangelina Anderson ပါ။ သူမကတော့ အသက်၃၄ နှစ် ရှိပြီဖြစ်ပြီး Playboy မော်ဒယ်ဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

တတိယနေရာမှာတော့ ဆောက်သမ်တန် တိုက်စစ်မှူး Graziano Pelle ရဲ့ ချစ်သူပါ။ သူမကတော့ ဟန်ဂေရီ မော်ဒယ် တစ်ယောက်ဖြစ်ပြီး နာမည်ကြီး မော်ဒယ်တွေထဲက တစ်ယောက်ပါပဲ။

စတုတ္ထအနေ နဲ့တော့ ရှော်ကေး အသင်း ကစားသမား Kevin-Prince Boateng ရဲ့ ချစ်သူ Melissa satta ပါ။ သူမကတော့ အမေရိကန် ရုပ်သံ တင်ဆက်သူဖြစ်ပြီး ညှို့အားပြင်းတဲ့ အလှ ဓာတ်ပုံတွေကြောင့် နာမည်ကြီးသူ တစ်ယောက်ပါ။

နောက်တစ်ယောက်ကတော့ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား Tom Cleverly ရဲ့ ဇနီးပါ။ သူမကတော့ Cleverley နဲ့ လွန်ခဲ့တဲ့ ဇွန်လက မင်္ဂလာပွဲကို ဆင်နွှဲ ခဲ့တာလည်း ဖြစ်ပါတယ်။

အခြားသော ညှို့အားပြင်း Wags တွေကိုတော့ ထပ်မံဖော်ပြပေးသွားပါမယ်။
Original link - http://sports.thithtoolwin.com/2015/10/wags.html

No comments:
Post a Comment