နိုဝင်ဘာ ၂၀ ရက်က ကစားသွားတဲ့ ဂျာမနီ ဘွန်ဒစ်လီဂါ ဟမ်းဘတ်နဲ့ ဒေါ့မွန်တို့ပွဲမှာ ဟမ်းဘတ် အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဒီအရှုံးကြောင့် ဒေါ့မွန်အသင်းရဲ့ ၇ ပွဲဆက်တိုက် အနိုင်ကစားခဲ့တာဟာ ရပ်တန့်သွားခဲ့ပါတယ်။
ပထမပိုင်း ၁၉ မိနစ်မှာ ပင်နယ်တီကနေရတဆင့် ဟမ်းဘတ်က အဖွင့်ဂိုးသွင်းယူခဲ့သလို ၄၁ မိနစ်မှာ ဒုတိယဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဟမ်းဘတ်က ဦးဆောင်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းနဲ့ အသာစီးရခဲ့ပေမယ့်လည်း ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
ဒုတိယပိုင်း ၅၅ မိနစ်မှာ ဒေါ့မွန်နောက်ခံလူ ဟမ်းမဲလ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို ၈၆ မိနစ်မှာ ဒေါ့မွန်က နှစ်သိမ့်ဂိုးသွင်းယူခဲ့ပါတယ်။
ဒီပွဲရှုံးသွားတဲ့အတွက် ဒေါ့မွန်အသင်းဟာ အမှတ်ပေးဇယား ၁၃ ပွဲကစား ၂၉ မှတ်နဲ့ ဒုတိယ၊ ဟမ်းဘတ်က ၁၃ ပွဲကစား ၁၈ မှတ်နဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ပြင်သစ် ပဲရစ် တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် ပွဲစဖို့ ၁၅ မိနစ် နောက်ကျသွားခဲ့ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/123541
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment