ပြင်သစ်နိုင်ငံ ပဲရစ် အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ အပြီး မရပ်ဆိုင်းဘဲ ကျင်းပသွားတဲ့ ပြည်တွင်းလိဂ် ပွဲစဉ်မှာ နိုက်စ် အသင်းက လိုင်ယွန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။
ဒီပွဲမှာ ၂ ဖက် အသင်း ဘောလုံး ပိုင်ဆိုင်မှု မကွာပေမယ့် နိုက်စ် အသင်းက ရရှိတဲ့ အခွင့်အရေး တွေကို အသုံးချနိုင်တဲ့ အတွက် အနိုင်ရရှိ သွားတာ ဖြစ်ပါတယ်။
ပွဲအစမိနစ် ၂၀ မှာ နိုက်စ်က အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ထားခဲ့ပါတယ်။ ဒုတိယပိုင်း ၄၈ မိနစ်မှာ လိုင်ယွန်အသင်းက ကစားသမားကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ပါတယ်။ ဒီနောက် ၇၁ မိနစ်မှာ တတိယဂိုး သွင်းယူသွားပြီး နိုက်စ်အသင်းက အနိုင်ရရှိသွားပါတယ်။
ပွဲမစမီ နိုက်စ်အသင်းပရိသတ်က ဖယောင်းတိုင်မီး ထွန်းညှိခဲ့ပြီး တမိနစ်ငြိမ်သက်ခဲ့ပါတယ်။ ဒါအပြင် ပြင်သစ် နိုင်ငံတော်သီချင်းကိုလည်း ပွဲမစမီ ဖွင့်ပေးခဲ့ပါတယ်။
ဒီပွဲမှာ လုံခြုံရေးကြောင့် အဝေးကွင်း ပရိသတ်တွေ လာရောက် အားပေးခဲ့ခြင်းမရှိသလို ကွင်းအတွင်း ၀င်လာတဲ့ ပရိသတ်တွေကိုလည်း လုံခြုံရေး အရ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လိုင်ယွန်က ၁၄ ပွဲကစား ၂၅ မှတ်နဲ့ အမှတ်ပေးဇယားမှာ ဒုတိယ၊ နိုက်စ်ကတော့ ၁၄ ပွဲကစား ၂၄ မှတ်နဲ့ တတိယနေရာက ဦးဆောင်နေပါတယ်။
အမှတ်ပေးဇယား ပထမနေရာကိုတော့ ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)က ၁၃ ပွဲကစား ၃၅ မှတ်နဲ့ ဦးဆောင်နေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/123531
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment