မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 2, 2015

ဟောလိုးဝင်း ၀တ်စုံများဖြင့် နောက်ပြောင်မိ၍ ဂီတာဖေးကို ဘာစီလိုနာ တောင်းပန်




စနေနေ့က ဂီတာ ဖေးကို ၂-၁ ဂိုးဖြင့် အနိုင်ရ ရှိခဲ့ပြီး နောက် ၎င်းတို့၏ ကစား သမား အချို့က ဟောလိုးဝင်း ၀တ်စုံများ ဖြင့် ဘောလုံးကွင်း အတွင်း လှည့် ပတ် သွားလာခဲ့ခြင်း အတွက် ဘာ စီလိုနာ အသင်းက ဂီတာဖေးအား တောင်းပန် ခဲ့သည်။

ဂျရတ်ပီကေး၊ လူးဝစ်ဆွာ ရက်ဇ်နှင့် နေမာကဲ့သို့ ကစားသ မားများက တစ္ဆေ၊ သရဲပုံ ၀တ်စုံ များဖြင့် သွားလာနေသည်ကို စပိန်မီဒီယာများက ကျယ်ကျယ်ပြန့် ပြန့် ဖော်ပြခဲ့သည်။

အထူးသဖြင့် ကွင်းလယ်လူ ဗစ်တာရိုဒရီဂွတ်ဇ်က ပွဲအပြီး သ

တင်းစာရှင်းလင်းပွဲ လုပ်နေသော အခန်းအတွင်းသို့ ၎င်းတို့ ၀င် ရောက်ခဲ့ခြင်းအတွက် ပီတာဖေး ကစားသမားများနှင့် တာဝန်ရှိသူ များ မကျေမနပ်ဖြစ်ခဲ့သည်။

ဂီတာဖေးအသင်းသားများ ကို နှောင့်ယှက်ခြင်း၊ စော်ကား ခြင်းလုပ်ရန် ရည်ရွယ်ချက် မရှိခဲ့ ကြောင်းနှင့် ရိုဒရီဂွတ်ဇ်က သတင်း စာရှင်းလင်းပွဲသို့ ၀င်ရောက်ခဲ့ခြင်း မှာလည်း မထင်မှတ်ဘဲ ဖြစ်ပျက် ခဲ့ခြင်းဖြစ်ပြီး ၎င်းအား ပုဂ္ဂိုလ်ရေး အရ တောင်းပန်ပါကြောင်း ဘာစီ လိုနာအသင်း၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြသည်။

—Ref: Reuters

Original link - http://www.7daydaily.com/story/50096

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment