မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 2, 2015

အင်အားနည်းနေသော အာဆင်နယ်ကို ဘိုင်ယန် စမ်းသပ်မည်




အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တို့ တွင် ချန်ပီယံလိဂ် ပွဲများ ပြန်လည် စတင်စဉ် ဒဏ်ရာရ ကစားသမား အများ အပြား ရှိနေသည့် နည်းပြ အာစင်ဝင်းဂါး၏ အာဆင်နယ် သည် ဘိုင်ယန်၏ စမ်းသပ်မှုနှင့် ရင်ဆိုင် ရမည်ဖြစ်ပြီး မန်စီးတီး အသင်း၌လည်း ကစားသမား များစွာ ပါဝင်နိုင်မည် မဟုတ်ပေ။

အက်စ်တာနာနှင့် အဝေး ကွင်း ယှဉ်ပြိုင်ရမည့် အက်သ လက်တီကိုတွင် အစာအိမ်ဒဏ် ရာမှ ပြန်ကောင်းလာပြီး လေ့ကျင့် ခန်း ပြန်ဆင်းနေသည့် လူစီယာ နိုဗီယက်တိုကို နည်းပြ ဆီမြွန်နီ က ထည့်သုံး၊ မသုံး မသေချာဖြစ် နေသည်။

စီအက်စ်ကေအေကို လက် ခံကစားရမည့် မန်ယူတွင် လုခ် ရှော၊ ဗလင်စီယာ၊ ဖီးလ်ဂျုံးစ်တို့ ဒဏ်ရာများကြောင့် ပါဝင်နိုင်ခြေ မရှိဖြစ်နေသည်။

ဝုဖ်ဘတ်နှင့် ရင်ဆိုင်ရမည့် ပီအက်စ်ဗီတွင် ပေါလ်ဆန်နှင့် ဂျီ ထရိုဝီလ်လမ်တို့ ပါဝင်နိုင်မည် မဟုတ်ပေ။

ပီအက်စ်ဂျီကို လက်ခံကစား ရမည့် ရီးရဲလ်တွင် ကာဗာဂျယ်နှင့် ဂါရတ်ဘေးလ် ပါဝင်နိုင်မည်မ ဟုတ်သော်လည်း ဘန်ဇီးမားနှင့် ရိုဒရီဂွတ်စ်တို့ ပါဝင်နိုင်ခြေရှိ သည်။

ပီအက်စ်ဂျီတွင် ဒေးဗစ်လုဇ် ဒဏ်ရာရထားသော်လည်း လေ့ ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်၍ ပြန်လည် ပါဝင်လာနိုင်သည်။

သို့သော် လောရင့်စ်ဘလန့် ၏ ပီအက်စ်ဂျီတွင် ပက်စတိုရီနှင့် မာကွင်ဟိုတို့ ပါဝင်နိုင်ဦးမည် မ ဟုတ်ပေ

ဆီဗီလာအသင်းကို သွား ရောက်ရင်ဆိုင်ရမည့် မန်စီးတီး တွင် အဂူရိုနှင့် ဇာဘလက်တာတို့ အပြင် နာဆရီ၊ ကလစ်ချီ၊ ဖာဘီ ယန်ဒပ်နှင့် ဆေးလ်ဗားတို့ မပါဝင် ၍ နည်းပြ ပယ်လီဂရီနီအတွက် အင်အားလျော့နည်းနေသည်။

ဆီဗီလာတွင် ကီဗင်ဂါမီရို နှင့် ပါရီဂျို၊ ကာရီကိုတို့ ပါဝင်နိုင် မည်မဟုတ်ဘဲ ဘန်နီဂါ ပြန်လည် ပါဝင်နိုင်ခြေရှိသည်။

ဘာစီလိုနာတွင် မက်ဆီ၊ ရာဖင်ဟာနှင့် ဒေါက်ဂလပ်စ်တို့ ပါဝင်နိုင်မည်မဟုတ်ပေ။

အာဆင်နယ်ကို လက်ခံက စားရမည့် ဘိုင်ယန်တွင် ရီဘာရီ၊ ဂေါ့ဇီ၊ ဘန်နာဒီယာ၊ ဘားနက်နှင့် ဆီဘက်စတီယန်ရိုဒီတို့ ပါဝင်နိုင် မည်မဟုတ်သော်လည်း နည်းပြ ဆီမြွန်နီအတွက် ဘာဒက်စ်တူဘာ လေ့ကျင့်ခန်းဆင်းနိုင်ပြီ ဖြစ်၍ ပါ ၀င်နိုင်ခြေရှိနေသည်။

အာဆင်နယ်တွင် ၀ဲလ် ကော့၊ ချိန်ဘာလိန်၊ အာတီတာ၊ ရမ်ဆေး၊ အော့စ်ပီနာ၊ ၀ဲလ်ဘက်၊ ၀ီးလ်ရှီးယားနှင့် ရိုဆက်စကီးတို့ ပါဝင်နိုင်မည်မဟုတ်ပေ။

—Ref: Goal

Original link - http://www.7daydaily.com/story/50094

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment