မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

နည်းပြ ဂျာဂင်ကလော့ပ် လက်ထက် နိုင်ပွဲ ဆက်သည့် လီဗာပူး (ရုပ်သံဟိုက်လိုက်)




နိုဝင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် လီဗာပူးနဲ့ ဆွမ်ဆီးတို့ပွဲစဉ်မှာ လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဒါဟာ နည်းပြ ဂျာဂင်ကလော့ပ် လီဗာပူးကို ကိုင်တွယ်တဲ့ ၇ ပွဲမှာ ၆ ပွဲမြောက် အနိုင်ရတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးအတွက် တလုံးတည်းသာ အနိုင်ဂိုးကို ပွဲချိန် ၆၂ မိနစ်မှာ ကွင်းလယ်ကစားသမား ဂျိမ်းစ် မီလ်နာ (James Milner) က ပယ်နယ်တီကတဆင့် သွင်းယူပေးခဲ့တာပါ။

ဒီပွဲအနိုင်ရလို့ လီဗာပူးဟာ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ အထိ တက်လှမ်းနိုင်ခဲ့ပြီး ဆွမ်ဆီးကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/124855

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment