
နိုဝင်ဘာ ၂၉ ရက်နေ့က ဂျာမနီနိုင်ငံ၊ ဒူဆယ်ဒေါ့ဖ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ယံ ပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား တိုင်ဆန် ဖာရီဟာ ပြိုင်ဘက် လက်ရှိ ချန်ပီယံ ဗလာဒီမာ ကလစ်ရှ်ကိုကို အနိုင် ရခဲ့ပြီး ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံသစ် ဖြစ်လာခဲ့ ပါတယ်။
ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဗလာဒီမာကလစ်ရှ်ကို အနိုင်ရရှိမယ်လို့ လက်ဝှေ့အကျော်အမော်ဟောင်းတွေက သုံးသပ်ထားပေမယ့် တိုင်ဆန် ဖာရီက အမှတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် တိုင်ဆန် ဖာရီက “ကျနော် အမြဲပြောတာက ကျနော်ဘာတွေ ဆက်လုပ်မလဲဆိုတာပါ။ ဒီယုံကြည်ချက်နဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး”လို့ ပြောပါတယ်။
ဖာရီဟာ ကလစ်ရှ်ကိုကို ရမှတ် ၁၁၅-၁၁၂၊ ၁၁၅-၁၁၂၊၁၁၆-၁၁၁ နဲ့အနိုင်ရခဲ့တာ ဖြစ်ပြီး ကလစ်ရှ်ကိုရဲ့ ၉ နှစ်ဆက်တိုက် ထိန်းသိမ်းနိုင်ခဲ့တဲ့ ချန်ပီယံဘွဲ့ကို ၆ လနဲ့ ချိုးဖြတ် အနိုင်ရယူခဲ့တာလို့ အေဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ရာစုသစ်အစဖြစ်ပြီး မိုဟာမက်အလီပြီးတဲ့နောက်မှာ သူဟာ သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်လာလိမ့်မယ်လို့ ဖာရီက ပြောပါတယ်။
ဝမ်းသာမျက်ရည်ဝဲနေတဲ့ ချန်ပီယံသစ် ဖာရီက “ခုလိုအနိုင်ရရှိခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ခုလိုအချိန်ရောက်ရှိလာဖို့ ကျနော်နေ့စဉ်ကြိုးစားခဲ့ရတယ်။ ခုတော့ အိပ်မက်တွေတကယ်ဖြစ်လာပါပြီ”လို့ ဆိုပါတယ်။
ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကလစ်ရှ်ကိုဟာ လာမယ့်မေလမှာ အသက် ၄၀ ပြည့်တော့မှာဖြစ်ပြီး သူက “ကျနော်ကောင်းကောင်း ပြင်ဆင်ထားခဲ့ပေမယ့် ဒီညမှာ ကျနော်နှုန်း တွေ လျော့သွားတယ်။ သူ့ရဲ့ဒီလောက်မြန်တဲ့နှုန်းကို ကျနော်မျှော်လင့်မထားဘူး”လို့ ပြောပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/124799
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments:
Post a Comment