မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

စပိန် လာလီဂါ ပွဲစဉ် အီဘာ ၀ – ၂ ရီးရဲလ် မက်ဒရစ် (ရုပ်သံဟိုက်လိုက်)




နိုဝင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ ပွဲစဉ် ၁၃ မှာ နာမည်ကြီး ရီးရဲလ် မက်ဒရစ်က အီဘာ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ရီးရဲလ်ဟာ ပြီးခဲ့တဲ့ တပတ်မှာ ပြိုင်ဘက် ဘာစီလိုနာကို ၄ ဂိုးပြတ်နဲ့ ရှုံးထားလို့ နည်းပြ ဘင်နီတက်ဇ်လည်း ဖိအားတွေ အောက်မှာ ရုန်းကန်း ခဲ့ရပါတယ်။

အဝေးကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ၄၃ မိနစ်မှာ တိုက်စစ်မှူး ဘေးလ်က သွင်းယူပါတယ်။

ဒီပွဲမှာ ရီးရဲလ်အသင်းက ဘောလုံးကိုင်ကစားသွားပြီး အီဘာက တန်ပြန်တိုက်စစ်တွေကို အသုံးပြု ယှဉ်ပြိုင်သွားပါတယ်။

ရီးရဲလ်အတွက် ဒုတိယဂိုးကို တဘက်နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီရခဲ့ပြီး အဲဒီပင်နယ်တီကို တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းယူပြီး ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲနိုင်လို့ ရီးရဲလ်က ၂၇ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာရဲ့နောက် ၆ မှတ်အကွာနဲ့ ဒုတိယနေရမှာ ရပ်တည်နေပါတယ်။

အီဘာကတော့ အမှတ် ၂၀ နဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/124838

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment