မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

Messi ကို စံချိန်တင် လစာနဲ့ ခေါ်ယူဖွယ်ရှိတဲ့ မန်စီးတီး




ဘာစီလိုနာ တိုက်စစ်မှူး Messi ဟာ မန်စီးတီး အသင်းနဲ့ တစ်ပတ်ကို ပေါင်ရှစ်သိန်း အထိပေး ချေရမယ့် အပြောင်း အရွှေ့အတွက် ဆွေးနွေး မှုတွေ ပြုလုပ်နေ တယ်လို့ သိရပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရတော့ Messi ရဲ့ အေးဂျင့်ဖြစ်သူတွေဟာ ကစားသမားဖြစ်သူ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး သူ့ရဲ့တစ်နှစ်လုပ်ခကို ပေါင်သန်းလေးဆယ်လောက်အထိ စံချိန်တင်ပေးချေဖို့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေးဂျင့်ဖြစ်သူတွေကတော့ Messi ကို လာလီဂါကနေ ခေါ်ထုတ်ပြီး နောက်နှစ်နွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားစေလိုနေတာလည်း ဖြစ်ပါတယ်။

Messi ဟာ ဘာစီလိုနာမှာ တစ်ပတ်ကို ပေါင်ငါးသိန်းအထိ စံချိန်တင်ရရှိနေတဲ့ စာချုပ်သက်တမ်းကတော့ နှစ်နှစ်လောက်ကျန်နေသေးပြီး သူနဲ့တွဲဖက်တိုက်စစ်မှူးဖြစ်တဲ့ Neymar ဟာလည်း အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မန်စီးတီးအသင်းကတော့ Messi သာ အသင်းကနေ ထွက်ဖို့ဆန္ဒရှိမယ်ဆိုရင်တော့ ငွေအလုံးအရင်းသုံးပြီး အင်္ဂလန်မြေကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

လတ်တလောထုတ်ပြန်ချက်တွေအရ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲမယ့်အသင်းဟာဆိုရင်တော့ တစ်နှစ်ကို ရုပ်သံဝင်ငွေ ပေါင်သန်း ၁၅၀ လောက်အထိရရှိနိုင်မယ်ဆိုတာကြောင့် ချန်ပီယံမျှော်မှန်းနေတဲ့ အသင်းဖြစ်တဲ့ မန်စီးတီးအနေနဲ့ Messi ကို ခေါ်ယူနိုင်ဖွယ်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးဟာ ဘာကာနည်းပြဟောင်း Guardiola ကိုလည်း အသင်းမှာ လာရောက်နည်းပြဖို့ မျှော်လင့်နေပြီး အကယ်လို့သာ ရောက်ရှိသွားရင် Messi အနေနဲ့ ဆရာဟောင်းနဲ့သာ ပြန်လက်တွဲချင်မှာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

Ref : Mirror

Original link - http://sports.thithtoolwin.com/2015/11/messi_29.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment