မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

ချယ်လ်ဆီးအသင်း ခြေစွမ်းပြန်ပြလာမှုရဲ့ လျို့ဝှက်ချက်




ချယ်လ်ဆီး အသင်းဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးဝါးနေ ခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာ ရလဒ်ပြန်ကောင်း လာခဲ့ပါတယ်။ ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ မက္ကာဘီတဲလ် အဗစ်နဲ့ ပွဲမှာလည်း လေးဂိုးပြတ်နဲ့ နိုင်ပွဲ ရယူနိုင် ခဲ့ပါတယ်။

အခုလိုပြန်လည် ခြေစွမ်းပြ လာနိုင်တဲ့ လျို့ဝှက်ချက် ကတော့ ချယ်လ်ဆီး အသင်းဟာ ယောဂ ဆရာ တစ်ဦးကို ခေါ်ယူပြီး စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြန်လည် ဖွံ့ဖြိုးရေး ကျင့်စဉ်တွေကို ပြုလုပ် ပေးနေလို့ ဖြစ်ပါတယ်။

Vinay Menon လို့ အမည်ရတဲ့ အိန္ဒိယ ယောဂ ဆရာ တစ်ယောက်ကို အသင်းမှာ ခေါ်ယူ လေ့ကျင့် ပေးနေတာဖြစ်ပြီး ကစားသမား တွေရဲ့ အတွင်းစိတ်ကို အဓိကထား လေ့ကျင့်ပေးနေ တာဖြစ် တယ်လို့ သိရပါတယ်။

ယောဂဆရာဟာ အသင်းက ကစားသမားတွေကို လေ့ကျင့်ရေး အစီအစဉ်တွေ ပြီးဆုံးချိန်မှာ ဖိအားတွေနဲ့ ကြွက်သား တင်းမာမှုတွေကို လျှော့ချ ပေးနိုင်တဲ့ လေ့ကျင့်ခန်း တွေကို အဓိကထား ပြုလုပ်ပေး နေတာပါ။

Menon ဟာ စိတ်နဲ့ ခန္ဒာကိုယ်နဲ့ ကို ပြန်လည် တွဲမိစေမယ့် အသက်ရှူ လေ့ကျင့်ခန်း တွေကို ပြုလုပ် ခိုင်းပြီး ကစားသမားတွေရဲ့ စိတ်တည်ငြိမ် ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ အနားယူ ရမှုတွေကို အကောင်းဆုံး အခြေအနေ တစ်ခုရောက်အောင် လေ့ကျင့်ပေးနေ တာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုလေ့ကျင့်ခန်းတွေ ပြုလုပ်ချိန်မှာ နူးညံ့တဲ့ ဘယ်ရီသီး ၊ ဒိန်ချဉ် ၊ လျှော်စေ့ဆီ နဲ့ သဘာဝ အခွံမာစေ့တွေကို အကူအညီ ဖြစ်စေဖို့ ကစားသမား တွေကို စားခိုင်း တယ်လို့လည်း သိရပါတယ်။

ပေါင် ၁၈၀ သာ ကုန်ကျတဲ့ ဒီကျင့်စဉ် ဟာတော့ အသင်း အတွက် များစွာ အကျိုး ရှိစေခဲ့ပြီး ခြေစွမ်းပျောက်ပြီး စိတ်ဓာတ် ကျဆင်းနေတဲ့ ကစားသမားတွေ အတွက်လည်း အထူးကောင်းမွန်နေ တယ်လို့ သိရပါတယ်။

ကျင့်စဉ်အတွင်းမှာ ကစားသမားတွေဟာ လေးဆယ့် ငါးမိနစ်ကြာ တရားထိုင် ရပြီး ဘယ်ရီသီးလို နူးညံ့တဲ့ အစား အစာတွေကို မနက်စာ အဖြစ် စားသုံးရပါတယ်။နေ့လည် မှာတော့ အဆိပ်အတောက် တွေကို လျှော့ချ ပေးနိုင်စွမ်းရှိတဲ့ အသီးခြောက် တွေကို စားသုံး ရတာဖြစ်တယ် လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ချယ်လ်ဆီးအသင်း ပရိသတ်တွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေနဲ့ ပြန်လည် တိုးတက်မှုတွေ ရရှိလာတဲ့ ချယ်လ်ဆီး အသင်းကို တွေ့မြင်နေ ရတာလည်း ဖြစ်ပါတယ်။

Ref : The Sun

Original link - http://sports.thithtoolwin.com/2015/11/blog-post_29.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment