မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 8, 2015

ရီးရဲလ်မက်ဒရစ် ပထမဆုံး ရှုံးပွဲတွေ့ (ရုပ်သံ)




စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းက ဆီးဗီးလားကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး လာလီဂါမှာ ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်သွားခဲ့ရပါတယ်။

ပထမပိုင်း ၂၁ မိနစ်မှာ ရီးရဲလ်က အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၃၆ မိနစ်မှာ ဆီးဗီးလားက ချေပဂိုးသွင်းယူပြီး ပထမပိုင်းမှာ ၁ ဂိုးစီသရေကျခဲ့ပါတယ်။

ဒီနောက် ဒုတိယပိုင်း ၆၁ နဲ့ ၇၄ မိနစ်မှာ ဆီးဗီးလား အသင်းက ၂ ဂိုး ဆက်တိုက်သွင်းယူခဲ့သလို မိနစ် ၉၀မှာတော့ ရီးရဲလ်အသင်းက ချေပဂိုး တဂိုးသွင်းယူသွားတဲ့ အတွက် ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ရီးရဲလ်အသင်းဟာ လာလီဂါ ၁၀ ပွဲမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့သလို ဒီပွဲ ၃၂ မိနစ် နောက်ခံလူ ရာမိုစ့် လူစားလဲခဲ့အပြီးမှာ နောက်တန်းမှာ ဟာကွက်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တခြားပွဲစဉ်မှာတော့ ဘာစီလိုနာက ဗီလာရီးရဲလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

ဒီပွဲအရှုံးကြောင့် ၁၁ ပွဲကစားအပြီးမှာတော့ ရီးရဲလ်အသင်းက ၂၄ မှတ် ဒုတိယနဲ့ ပထမနေရာက ဘာစီလိုနာနဲ့ ၃ မှတ်ပြတ်သွားပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/121577

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment