မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 9, 2015

ပရီးမီးယားလိဂ် ဘုန်းမောက် ရှယ်ယာ ၂၅ ရာခိုင်နှုန်း အမေရိကန် ၀ယ်ယူ




အမေရိကန်ပြည်ထောင်စု ချီကာဂို အခြေစိုက် စတော့ရှယ်ယာ ကုမ္ပဏီက အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက်ရဲ့ ရှယ်ယာ ၂၅ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပါတယ်။

မင်နီဆိုတာ ၀ှိုင်း ရေခဲပြင် ဟော်ကီအသင်း ပိုင်ရှင် မတ်ဟူဆိုက်ဇာ ဦးဆောင်တဲ့ ပိဆစ်ခ် ရင်းနှီးမြုပ်နှံမှုက ၀ယ်ယူလိုက်တာ ဖြစ်ပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်မှုက ယှဉ်ပြိုင်မှုကို ပိုမိုကောင်းမွန် အားကောင်းစေမှာ ဖြစ်တယ်လို့ ဘုန်းမောက် ဥက္ကဋ္ဌ ဂျက်မိုစ်တင်က ပြောပါတယ်။

ဘုန်းမောက် ဘုတ်အဖွဲ့မှာ မတ်ဟူဆိုက်ဇာနဲ့ သူရဲ့ စီးပွားဖက်ကော်ပိုလက်တာကိုကလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဘုန်းမောက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ ဘုန်းမောက်ဟာ အမေရိကန် ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားရှိနေသလို မေဂျာလိဂ်နဲ့ ချိတ်ဆက်မှုတွေ ပိုမို အားကောင်းအောင် လုပ်ဆောင်နေပါတယ်။

၂၀၁၄ ခုနှစ် နွေရာသီတုန်းကလည်း ပိဆစ်ခ်က အင်္ဂလန် ပထမတန်း ချန်ပီယံရှစ် ကလပ် ရီဒင်းကို ၀ယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ရပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/121809

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment