မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 22, 2015

ပရီးမီးယားလိဂ် မန်စီးတီး ၁-၄ လီဗာပူး (ရုပ်သံဟိုက်လိုက်)




နိုဝင်ဘာ ၂၁ ရက်နေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းက အိမ်ကွင်းမှာ လီဗာပူး အသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့် သွားပါတယ်။

လီဗာပူး အသွင်း အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်း ၇ မိနစ်မှာ လီဗာပူး ရှေ့တန်းကစား ဖာမီနို ဘယ်ခြမ်း ကနေ ဂိုးရှေ့ဖြတ်တင်ပေးတဲ့ aဘာလုံးကို မန်စီးတီး အသင်းက မန်ဂယ်လာ ဖျက်ထုတ် ရာမှာ ကိုယ့်ဂိုးကို သွင်းယူခဲ့ မိတာပါ။

ပွဲချိန် ၂၃ မိနစ်မှာလည်း ဖာမီနိုက မန်စီးတီး နောက်ခံလူ ၂ ဦးကို ကျော်ဖြတ်ပြီး ဂိုးရှေ့ချပေးတဲ့ဘောလုံးကို ကော်တင်ဟိုက သွင်းယူခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ကစားရပေမယ့် မန်စီးတီးကို တောက်လျှောက် ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာလည်း ဖာမီနိုက ၁ ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၄ မိနစ်မှာ အဂူရိုက လီဗာပူးနောက်ခံလူတွေ လိုက်ဖျက်နေတဲ့ကြားက ဂိုးစည်းထိပ်နားကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့ပြီးနောက် ၃-၁ ဂိုးနဲ့ ပထမပိုင်း ပြီးဆုံးသွားပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၈၀ မှာ လီဗာပူးအတွက် ၄ ဂိုးမြောက်အဖြစ် နောက်ခံလူ စကာတယ်က သွင်းယူခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယား နံပါတ် ၁ နေရာကနေ အဆင့် ၃ ကို ရောက်ရှိသွားပြီး လီဗာပူးအသင်းကတော့ ဒီပွဲအနိုင်ကြောင့် ဇယား နံပါတ် ၉ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123699

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment