
ယူရိုပါလိဂ် အုပ်စု ခက အင်္ဂလန်ပရီးမီးယား လိဂ်က လီဗာပူးနဲ့ တာတာစတန် သမ္မတနိုင်ငံက ရှုဘင်ကာဇန်တို့ပွဲမှာ လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။
ပထမပိုင်းမှာ လီဗာပူးအသင်း ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ဘဲ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ဒုတိယပိုင်း ၅၂မိနစ်မှာတော့ လီဗာပူးအသင်းက ဒီပွဲအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဂျော်ဒန်အိုင့်က သွင်းယသွားပါတယ်။
ဒီအတွက် လီဗာပူးအသင်းက ၄ ပွဲကစား ၆ မှတ်နဲ့ အုပ်စု ဒုတိယ ဆွစ်ဇာလန် ကလပ် စီယွန်က ၄ ပွဲကစား ၈ မှတ်နဲ့ ပထမ၊ ဘော်ဒိုးက ၄ ပွဲကစား ၃ မှတ်နဲ့ တတိယ၊ ရှုဘင်ကာဇန်က ၄ ပွဲကစား ၂ မှတ် စတုတ္ထရနေရာကနေ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/120465
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment