နိုဝင်ဘာ ၂၁ ရက် ညက ယှဉ်ပြိုင် သွားတဲ့ စပိန် ထိပ်သီး နှစ်သင်းဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ ပွဲစဉ်မှာတော့ ဘာစီလိုနာက အဝေးကွင်းမှာ သွားရောက် ကစား ခဲ့ရပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားခဲ့ ပါတယ်။
ရီးရဲလ် အသင်းဟာ အိမ်ကွင်းမှာ လက်ခံ ကစား ရပေမယ့် ခြေစွမ်း အရ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ ဂိုးပြတ် အရှုံးပေး လိုက်ရတာ ဖြစ်ပါတယ်။
ပွဲအစ ၁၁ မိနစ်မှာပဲ ဆာဂျီယို ချပေးတဲ့ ဘောလုံးကို ဆွာရက်ဇ်က အပြင်း ကန်သွင်းပြီး ဘာကာ အတွက် ဦးဆောင်ဂိုး သွင်းယူပါတယ်။
အဲဒီနောက်ပိုင်းမှာ တဖက်နဲ့ တဖက် အပြန်အလှန် ထိုးဖောက် ကစားခဲ့ကြပြီး နှစ်သင်းလုံး အခွင့်အရေးတွေ ရရှိခဲ့ကြ ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာတော့ အသင်းခေါင်းဆောင် အင်နရေစတာ ချပေးတဲ့ဘောလုံးကို နေမာက ကန်သွင်းပြီး ပထမပိုင်းမှာ ဘာကာက ၂ ဂိုးပြတ်နဲ့ ဦးဆောင် နေပါတယ်။
ဒုတိယပိုင်း ၅၃ မိနစ်မှာ အသင်းခေါင်းဆောင် အင်နရေစတာက ဘာကာ အတွက် တတိယ ဦးဆောင်ဂိုး သွင်းယူ ပါတယ်။ ၇၄ မိနစ်မှာလည်း နေမာ ဖန်တီးပေး တာကနေ ဆွာရက်ဇ်က ထပ်မံ သွင်းယူပြီး ဘာကာက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားခဲ့ပါတယ်။
ဒီပွဲအနိုင်ကြောင့် ဘာစီလိုနာ အသင်းဟာ ဒုတိယနေရာက ရီးရဲလ်ကို ၆ မှတ်ဖြတ်ပြီး ဇယားထိပ်မှာ ဦးဆောင် နေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/123674
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment