မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 21, 2015

ပရီးမီးယားလိဂ် မန်ယူ ၂-၁ ၀က်ဖို့ဒ် (ရုပ်သံဟိုက်လိုက်)




နိုဝင်ဘာ ၂၁ ရက်နေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ၀က်ဖို့ဒ်ကို ၂-၁ ဂိုးနဲ့ အနိုင် ရရှိသွား ပါတယ်။

ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ ကစား ခဲ့ကြတာ ဖြစ်ပြီး မန်ယူ အသင်းမှာ အသင်းခေါင်းဆောင် ရွန်နီနဲ့ မာရှယ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေ။

မန်ယူအသင်းဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ထိုးဖောက်ကစားခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာ ဒီပေးက မန်ယူအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီနောက်မှာ မန်ယူအသင်းက ပထမပိုင်းတပိုင်းလုံး ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ ၁-၀ ဂိုးနဲ့ ပထမပိုင်း ပြီးဆုံးသွားပါတယ်။

ဒုတိယပိုင်းမှာတော့ ၀က်ဖို့ဒ်အသင်းက ပြန်လည်ဖိကစားလာခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာ တွိုင်ဒန်းနီးက ချေပဂိုးကို ပင်နယ်တီကတဆင့် သွင်းယူခဲ့ပါတယ်။

မန်ယူအသင်းရဲ့ အနိုင်ဂိုးကို ပွဲပြီးခါနီး မိနစ် ၉၀ မှာ ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ဘောလုံးကို ရှဝိန်းစတိုင်ဂါ ပိတ်သွင်းခဲ့ပြီး ဘောလုံးဟာ ဝက်ဖို့ဒ် အသင်းသားတစ်ယောက်နဲ့ ထိပြီး ဂိုးဝင်သွားတာကြောင့် မန်ယူအသင်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် ၁၃ ပွဲကစား ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီး ၀က်ဖို့ဒ်အသင်းကတော့ ၁၃ ပွဲကစား ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123671

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment