မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 30, 2015

အင်တာမီလန်ကို အနိုင်ယူပြီး နာပိုလီ အမှတ်ပေး ဇယား ထိပ်ရောက် (ရုပ်သံဟိုက်လိုက်)




နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင် သွားတဲ့ အီတလီ စီးရီးအေ ဘောလုံးပြိုင်ပွဲမှာ နာပိုလီက အင်တာမီလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

အမှတ်ပေး ဇယားထိပ်မှာ ဦးဆောင်နေတဲ့ ၂ သင်း ဆုံတာ ဖြစ်လို့ အကြိတ် အနယ်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန် ခဲ့ပါတယ်။

အိမ်ရှင် နာပိုလီ အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာ တိုက်စစ်မှူး ဟီဂူရီရန်က သွင်းယူ ပါတယ်။

အင်တာမီလန်က နောက်တန်းလူ နာဂါမိုတို ကစားတာ ကြမ်းလို့ ၄၄ မိနစ်မှာ အထုတ် ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင် သွားရပါတယ်။

နာပိုလီက တယောက်လျော့ အင်တာဘက်ကို ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ဖိကစားနိုင် ခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့် မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။

နာပိုလီအတွက် ဒုတိယ ဦးဆောင်ဂိုးကိုလည်း တိုက်စစ်မှူး ဟီဂူရီရန်ကပဲ ၆၂ မိနစ်မှာ သွင်းယူပါတယ်။

အင်တာမီလန်အတွက် တလုံးတည်းသော ချေပဂိုးကို ၆၇ မိနစ်မှာ သွင်းယူပြီး အရှုံးပေးလိုက်ရပါတယ်။

ဒီပွဲနိုင်တဲ့ နာပိုလီက ၃၁ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ကို ရောက်သွားပြီး အင်တာမီလန်က အမှတ် ၃၀ နဲ့ ဒုတိယနေရာကို လျှောကျသွားပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/124939

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment