မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 30, 2015

ရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ ဖီဖာ ကမ္ဘာ့အကောင်းဆုံး ဆန်ခါတင် စာရင်းဝင်




ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန် လိုက်တဲ့ ၂၀၁၅ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုအတွက် နောက်ဆုံး ဆန်ခါတင် ၃ ဦးစာရင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ ပါဝင်နေ ပါတယ်။

ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့ဟာ ဆန်ခါတင် ၃ ဦးစာရင်းမှာ ၈ နှစ် ဆက်တိုက် ပါဝင် လာတာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွ့ယ် ဘရာဇီးနဲ့ ဘာစီလိုနာ တိုက်စစ်မှူး နေမာကတော့ ပထမဆုံး အကြိမ်အဖြစ် ၃ ဦးစာရင်းမှာ ရွေးချယ် ခံရတာပါ။

ရော်နယ်ဒိုက ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဆုကို ပြီးခဲ့တဲ့ ၂ နှစ် ဆက်တိုက် အပါအ၀င် စုစုပေါင်း ၃ ကြိမ် ရရှိထားပါတယ်။

မက်ဆီကတော့ ၂၀၀၉ ကနေ ၂၀၁၂ အတွင်း ၄ ကြိမ် ရရှိထားပါတယ်။

ဒီနှစ်ရာသီထဲမှာ အသက် ၂၈ နှစ် အရွယ် မက်ဆီက ဘာစီလိုနာနဲ့ အာဂျင်တီးနား အတွက် ၄၈ ဂိုး သွင်းပေး ထားပြီး အသက် ၃၀ အရွယ် ရော်နယ်ဒို ကလည်း ရီးရဲလ်နဲ့ ပေါ်တူဂီ အတွက် ၄၈ ဂိုး သွင်းပေး ထားပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆုကိုတော့ လာမယ့် ဇန်န၀ါရီ ၁၁ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မှာ ကြေညာပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/124956

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment