အင်္ဂလန်နိုင်ငံ အဆင့် ၈ သတ်မှတ် ထားတဲ့ ဘောလုံး ပြိုင်ပွဲမှာ သားရော့ခ် ကလပ် အသင်းမှာ ကစားနေတဲ့ နောက်ခံလူ ကမာဒူကန် တော်တော် ကံဆိုး မိုးမှောင် ကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့က ရမ်ဖိုဒ့် အသင်းနဲ့ ကစားတဲ့ ပွဲမှာ ဒူကန် ရှေ့ကို ကန်တင် လိုက်တဲ့ ဘောလုံးဟာ တနာရီ ၇၀ မိုင်နှုန်း တိုက်ခတ်နေတဲ့ လေကြောင့် နောက်ကို ပြန်ရောက်ပြီး ဂိုးထဲကို ၀င်သွား လို့ပါ။
သူက ဘောလုံးကိုရှေ့ကို ရှင်းထုတ် လိုက်ပေမယ့် ပြင်းထန်တဲ့ လေကြောင့် ဘောလုံးက ဂိုးဘက်ကို ပြန်ရောက် သွားပါတယ်။
ဂိုးသမားက လိုက်ဖမ်း ပေမယ့်လည်း ဖမ်းမရဘဲ ဂိုးပေး လိုက်ရတာ ဖြစ်ပါတယ်။
လေကြောင့် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိတဲ့ ဖြစ်ရပ်မျိုးကို တခါမှ မမြင်ဖူး ဘူးလို့ သားရော့ ကလပ် မန်နေဂျာက ပြောပါတယ်။
ဒီဂိုးကြောင့် ရမ်ဖိုဒ့် အသင်းကို ၁ ဂိုး ပေးလိုက် ရပေမယ့် နောက်ပိုင်းမှာ သားရော့ခ် အသင်း ၁ ဂိုး ပြန်သွင်းနိုင် တာကြောင့် ပွဲအပြီး ၁ ဂိုးစီ သရေကျ သွားပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/123626
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment