မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 21, 2015

Deulofeu ကို ဘာစီလိုနာသို့ ပြန်လက်လွှတ် ရနိုင်ကြောင်း အဲဗာတန် နည်းပြ Martinez ဖွင့်ဟ




အဲဗာတန် အသင်းရဲ့ နည်းပြ Martinez ကတော့ အသင်းရဲ့ အားထား ရတဲ့ လူငယ် ကွင်းလယ် ကစားသမား Deulofeu ကို နှစ်သင်းကြား နွေအပြောင်း အရွှေ့ အရှုပ် အရှင်းတွေကြောင့် ပြန်ပြီး လက်လွှတ် ရဖွယ် ရှိနေတယ်လို့ ဝန်ခံ လိုက်ပါတယ်။ အဲဗာတန်တို့ဟာ စပိန် ယူ-၂၁ ကစားသမားကို ဘာစီလိုနာအသင်းကနေ ပေါင်လေးသန်းနဲ့ ခေါ်ယူခဲ့တာပါ။

အသင်းမှာ အလျင် အမြန် အသားကျပြီး ခြေစွမ်းပြ လာတဲ့ ဒီကစားသမားကို ဘာကာက ရာသီကုန်မှာ ပေါင် ၆.၃ သန်း ဒါမှ မဟုတ် နောက်ရာသီမှာ ဆိုရင်တော့ ပေါင် ၈.၄ သန်းနဲ့
ပြန်ခေါ် ယူဖို့ စီစဉ်နေတာပါ။

"ဒီကစားသမားကို ခေါ်ယူဖို့ ဘာကာကသာ တကယ်လှုပ်ရှားလာမယ်ဆိုရင် ဘာမှမတတ်နိုင်ပါဘူး။ ဇန်နဝါရီလမှာတော့ သူပြောင်းလို့ မရသေးပါဘူး။ ကျွန်တော်တို့ ပြန်ရောင်းချမယ်ဆိုရင်တော့ ကြိုက်ကြေးရပါလိမ့်မယ်။

ဖြစ်လာမယ့် ပြောင်းရွှေ့ကြေးကို ကြည့်ပြီး ဝမ်းမြောက်ရမှာပါ။ ဘာစီလိုနာရောက်သွားရင် ထိပ်တန်းအဆင့်မှာ မြင်ရမယ့် ကစားသမားတစ်ယောက်ကို တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးကိုပဲ ရချင်ပါတယ်။

ချယ်လ်ဆီးကလည်း John Stones ကို စိတ်ဝင်စားနေပါတယ်။ ကျွန်တော်ကတော့ ဇန်နဝါရီမှာ ဘယ်ကစားသမားကိုမှာ အသင်းပေးပြောင်းမှာ မဟုတ်ပါဘူး " လို့ Martinez က ပြောပါတယ်။

အဲဗာတန်အသင်းဟာ သူတို့ရဲ့ ကစားသမားတွေကို လာမယ့်ဆောင်းအပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ အစီအစဉ်တွေ မရှိဘဲ ကစားသမားတွေကို ဆက်လက်ထိန်းထားအုံးမယ်လို့လည်း သိရပါတယ်။

Ref : Mirror

Original link - http://sports.thithtoolwin.com/2015/11/deulofeu-martinez.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment