မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 21, 2015

လိင်တူ စိတ်ဝင်စားတဲ့ ကစားသမားတွေကို လေးစား သင့်တယ်လို့ ပရီးမီးယားလိဂ် အမှုဆောင်ချုပ် Scudamore ပြော




ပရီးမီးယားလိဂ် အမှုဆောင်ချုပ် Richard Scudamore ကတော့ BBC နဲ့ အင်တာဗျူးမှာ " လိင်တူ စိတ်ဝင်စားတဲ့ ဘောလုံး ကစားသမားတွေ ကိုလည်း လေးစား သမှု ရှိသင့်တယ် " လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ဘောလုံးသမားတွေဟာ ကိုယ့်ကိုကိုယ် လိင်တူဆက်ဆံသူဖြစ်တယ်ဆိုတာကို ပေါ်ပေါ်တင်တင် မဖော်ပြရဲတာတွေ ရှိနေတယ်လို့ Scudamore ကပြောပါတယ်။ ဒါဟာ ဘောလုံးလောကမှာတော့ အရှက်ရစရာတစ်ခုလို ဖြစ်နေတာကြောင့် ဘယ်သူကမှ မဖွင့်ဟရဲကြတာပါ။

၁၉၉၀ တုန်းက နောဝစ်ခ်ျအသင်းရဲ့ တိုက်စစ်မှူး Justin Fashanu ဟာ လိင်တူစိတ်ဝင်စားတယ်လို့ တရားဝင်ပြောကြားပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်ဘောလုံးလောကမှာ မရှိသလောက်ကို ရှားပါးခဲ့တာဖြစ်ပါတယ်။ Fashanu ရဲ့ နောက်မှာတော့ ဗြိတိန်ဘောလုံးလောကမှာ နာမည်ကြီးထဲက လိင်တူ စိတ်ဝင်စားတဲ့သူတွေ အဖြစ်တော့ နှစ်ယောက်သာ ရှိခဲ့ပြီး အသင်းဖော်တွေနဲ့ ဖြစ်ခဲ့ကြတယ်လို့ Daily Mirror က ဆိုပါတယ်။

အဲ့ဒီနှစ်ယောက်ကတော့ အင်္ဂလန်အမျိုးသမီး အသင်းခေါင်းဆောင် Casey Stoney နဲ့ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား Thomas Hitzlsperger တို့ဖြစ်ပါတယ်။ Stoney ကတော့ Fashanu ရဲ့နောက် ၂၀၁၄ ဖေဖော်ဝါရီလမှာ တရားဝင်ကြေညာခဲ့တာဖြစ်ပြီး ဗီလာကွင်းလယ်ကစားသမား Hitzlsperger ကတော့ ကစားသမားဘဝက အနားယူချိန်မှ ပြောကြား ခဲ့တာ လည်းဖြစ်ပါတယ်။

ဒါကို အမှုဆောင်ချုပ် Scudamore က " ဒါကို ကျွန်တော်တို့လက်ခံရပါလိမ့်မယ်။ ဒီလိုဝန်ခံမှုတေါ ပြုလုပ်တာက မှန်ကန်တယ်လို့ ကျွန်တော်ထင်တယ်။ ပရီးမီးယားလိဂ်မှာတော့ အထူးတဆန်းဖြစ်နေပြီး ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ချင်ကြတယ်။ သူတို့ကို လေးစားမှုတော့ ရှိသင့်တယ် " လို့ ပြောပါတယ်။

ဒီလိုကိစ္စတွေကိုတော့ အာဆင်နယ်နည်းပြ Arsene Wenger ကတော့ လိင်တူဆက်ဆံတဲ့ ကစားသမားတွေဟာ ဘယ်တော့မှာ သူတို့ အဲလိုဖြစ်နေတယ်ဆိုတာ ပြောမှာမဟုတ်ဘဲ ဖွင့်ဟလိုက်ရင်လည်း ကာယကံရှင်အနေနဲ့ ဝေဖန်မေးမြန်းမှုတွေကို ပိုခံရဖွယ်ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဗြိတိန် အားကစားလောကမှာ လိင်တူ စိတ်ဝင်စားတဲ့သူတွေအဖြစ်တော့ အိုလံပစ် ဒိုင်ဗင်ကစားသမား Tom Daley ၊ လမ်းလျှောက်ကစားသမား Tom Bosworth နဲ့ ဗြိတိန်နာမည်ကျော် ရပ်ဘီကစားသမား Gareth Thomas တို့ဖြစ်တယ်လို့ သိရပါတယ်။

NBA ဘတ်စကတ်ဘောလောကကနေ လိင်တူစိတ်ဝင်စားတဲ့ ပထမဆုံးဘတ်စကတ်ဘောအကျော်အမော် John Amaechi ကတော့ ဘောလုံးကစားနည်းဟာ gay တွေအတွက်တော့ အဆိပ်လိုပါပဲလို့ ဝေဖန်ခဲ့ပါတယ်။

Ref : BBC

Original link - http://sports.thithtoolwin.com/2015/11/scudamore.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment