မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 12, 2015

မန်ယူမှာ ရုန်းကန်နေရမှုကို Depay ရှင်းပြ




အသက် ၂၁ နှစ်အရွယ် ကစားသမား Memphis Depay ကတော့ အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ ခြေစွမ်းပျောက်ဆုံးနေရတဲ့ အကြောင်းရင်းကို ရင်ဖွင့်လိုက်ပါပြီ။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာမြို့ကို နည်းပြရဲ့ ထောက်ခံမှုအပြည့်နဲ့ ခြေချခဲ့ပေမယ့် ထင်သလောက်မထွန်းပေါက်ဖြစ်နေတာကြောင့် ဝေဖန်မှုတွေလည်း ခံနေရပါတယ်။

သူဟာ နယ်သာလန်ကလပ် PSV ကနေ ရည်မှန်းချက်ကြီးကြီးနဲ့ ရောက်လာခဲ့ပေမယ့်လည်း သူ့ရဲ့ခြေစွမ်းကျဆင်းမှုတွေကြောင့် အရန်ခုံမှာ အထိုင်များခဲ့ရပါတယ်။

" ကျွန်တော် အရန်ခုံမှာ ထိုင်လိုက်ရတည်းက ခြေစွမ်းပြဖို့ ခက်ခဲခဲ့ပြီဆိုတာ သိလိုက်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာဆိုရင် ပိုကောင်းအောင် ကြိုးစားနေပါတယ်။ ကျွန်တော် ကစားဖို့ အခွင့်အရေးရတာနဲ့ အခွင့်အရေးကို ဖမ်းဆုပ်နိုင်အောင်လုပ်ပါမယ်။

ကျွန်တော်ထင်တာကတော့ အရာအားလုံးက ကျွန်တော့်အတွက် အသစ်ဖြစ်နေတယ်။ အင်္ဂလန်က နယ်သာလန်ကပြိုင်ပွဲလို မလွယ်ကူဘူးဆိုတာ အားလုံးသိပါတယ်။ ကျွန်တော် နယ်သာလန်မှာ ကစားတုန်းကလို ခြေစွမ်းကို ပြန်ပြနိုင်ဖို့ နည်းလမ်းကို မကြာခင်တွေ့ရတော့မှာပါ။ "

" ကျွန်တော် ခြေစွမ်းပြန်ပြဖို့ အချိန်ယူနေပါတယ်။ ပြီးရင်တော့ အမြင့်ပျံဖြစ်လာပါလိမ့်မယ်။ လူတွေက ကျွန်တော်ဂိုးသွင်းတာကို မြင်ချင်ကြပါတယ်။ ဖြစ်လာမှာပါ။ မကြာခင်မှာ အကောင်းဆုံးပုံစံကို ပြန်တွေ့ရမယ်" လို့ Depay က ကြုံးဝါးသွားပါတယ်။

မန်ယူအသင်းမှာ Di Maria လို နာမည်ကျော် ကစားသမားတစ်ယောက်တောင်မှ ခြေစွမ်းပြနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရတဲ့ သာဓကတွေကလည်း Depay ကို ခြောက်လှန့်လျက် ရှိပါတယ်။

Ref : Goal.com

Original link - http://sports.thithtoolwin.com/2015/11/depay.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment