မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

ပရိသတ်တွေကို လစ်လျူရှုထားဖို့ Van Gaal တိုက်တွန်းခဲ့တယ်လို့ Lingard ပြော




မန်ယူအသင်းရဲ့ လူငယ်ကွင်းလယ်လူ Lingard က CSKA မော်စကို ကိုနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်းအပြီးမှာ နည်းပြ Van Gaal က ပရိသတ်တွေကို လစ်လျူရှုထားဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ မန်ယူရဲ့ ကစားပုံကို စိတ်ပျက်နေခဲ့ကြပြီး ကစားသမားတွေကို လှောင်ပြောင်အော်ဟစ်မှုတွေကို ပြုလုပ်ခဲ့ကြတာပါ။ နည်းပြ Van Gaal ရဲ့ နည်းဗျူဟာတွေဟာ ပျင်းစရာကောင်းခဲ့ပြီး သာမန်ကစားပုံလောက်သာ ဖြစ်နေခဲ့တာကြောင့် ပရိသတ်တွေက " ရှေ့တက် ဂိုးသွင်း" လို့ အော်ဟစ်ခဲ့ကြပါတယ်။

" ကျွန်တော်ဟာ ရှုပ်ယှက်ခတ်နေတဲ့ အနေအထားတွေမှာ တိကျတဲ့ ဖြတ်တင်ဘောတွေကို ကန်တင်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကစားကွက်ကို ပုံဖော်ဖို့ စိတ်ရှည်ရှည်ကစားရပါတယ်။

ဂိုးတွေကို မြင်ချင်ရင်တော့ နည်းနည်း စိတ်ရှည်ရမယ်လေ " လို့ Lingard ကပြောပါတယ်။ " ပထမပိုင်းအပြီးမှာတော့ နည်းပြကြီးက ပရိတ်သတ်တွေကို မေ့ထားပြီး ကစားပွဲထဲမှာပဲ အာရုံနစ်ထားလိုက်ဖို့ တိုက်တွန်းလာပါတယ်။ " လို့ Lingard ကပြောခဲ့တာပါ။

Lingard ဟာ အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြန်ပြလာနိုင်တာကြောင့် နည်းပြ Van Gaal က Depay ထက်တောင် ပိုပြီး အသုံးပြုလာခဲ့တာပါ။ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း Ronney ရဲ့ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းရဲ့ နိုင်ပွဲကို ပုံဖော်ရာမှာ အဓိက အရေးပါခဲ့တာ ဖြစ်ပါတယ်။

Ref: Goal.com

Original link - http://sports.thithtoolwin.com/2015/11/van-gaal-lingard.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment