မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 23, 2015

လီဗာပူးလ် နောက်ခံလူ စကာတယ် ခြောက်ပတ် အနားယူရမည်




ဒီဇင်ဘာ ၂၃၊ လီဗာပူးလ်

ဒဏ်ရာကြောင့် ခြောက်ပတ်ကြာ အနားယူ ရမည်ဖြစ်ကြောင်း လီဗာပူးလ် နောက်ခံလူ စကာတယ်က အတည်ပြု ပြောဆို လိုက်သည်။

အသက် ၃၁ နှစ် အရွယ်ရှိ ဆလိုဗက်ကီယား လက်ရွေးစင် ကစားသမားသည် တနင်္ဂနွေနေ့တွင် လီဗာပူးလ် အသင်း ဝက်ဖို့ဒ်ကိုရှုံးသည့် ပွဲ၌ ပွဲချိန် ၄၁ မိနစ်တွင် ဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်သည်။

ဒူးကောက်ကြောနှင့် အရွတ် စုတ်ပြဲ သွားခြင်း ဖြစ်သည်ဟု စကာတယ်က လူမှုကွန်ယက် စာမျက်နှာ ဖြစ်သော အင်စတာဂရမ်တွင် ရေးသား ထားသည်။

"ပြန်ကောင်းဖို့ ပြင်းပြင်းထန်ထန်ကြိုးစားမှာဖြစ်ပြီး အရင်ကထပ်ပိုကြံ့ခိုင်အောင်၊ မြန်နိုင်သမျှ မြန်မြန်ပြန်ကောင်းအောင် လုပ်နိုင်တာအားလုံး လုပ်သွားမှာပါ"ဟု စကာတယ်က ရေးသားထားသည်။

စကတယ်သည် ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးလ်အသင်းအတွက် ပွဲတိုင်းပါဝင်ကစားထားပြီး ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားပေးထားသူဖြစ်သည်။

Ref; BBC

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/8890


No comments:

Post a Comment