မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 30, 2015

မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ ၄ ပတ်ခန့် နားရမည်



ဓာတ်ပုံ - ရိုက်တာ

မန်ချက်စတာ စီးတီး အသင်း ခေါင်းဆောင် ဗင်းဆင့် ကွန်ပနီဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်ကနေ ၄ ပတ်အထိ အနားယူ ရတော့မှာ ဖြစ်တယ်လို့ နည်းပြ ပယ်လီဂရီနီက ပြောပါတယ်။

အသက် ၂၈ နှစ် အရွယ် ကွန်ပနီဟာ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေး ပွဲစဉ်ဖြစ်တဲ့ ဆန်းဒါးလန်းကို အနိုင်ရတဲ့ပွဲမှာ အချိန်ပိုင်း ၀င်ရောက် ကစားပေမယ့် ဒဏ်ရာ ထပ်မံရ ခဲ့ပါတယ်။

နောက်တန်းကစားသမားဖြစ်တဲ့ ကွန်ပနီဟာ ပေါင်ခြံဒဏ်ရာ ထပ်မံရတာ ဖြစ်ပါတယ်။

အရင်ရတဲ့ဒဏ်ရာနဲ့ အမျိုးအစားတူပေမယ့် နေရာမတူဘူးလို့ နည်းပြက ပြောပါတယ်။

ဘယ်ဂျီယံ လက်ရွေးစင်လည်းဖြစ်တဲ့ ကွန်ပနီဟာ ဒီနှစ်ရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရပြီး ၁၉ ပွဲမှာ ၁၁ ပွဲ လွဲချော်ထားပါတယ်။

လောလောဆယ်မှာတော့ မန်စီးတီးအသင်းဟာ ၃၆ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/128995


No comments:

Post a Comment