မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 30, 2015

မန်ယူ ပရိသတ်များကြား မော်ရင်ဟို လည်စည်း ပုဝါများကို ရောင်းချ သုံးစွဲနေ




ဒီဇင်ဘာ ၃၀၊ မန်ချက်စတာ

လက်ရှိ နည်းပြ ဗန်ဟားလ် အပေါ်ထောက်ခံမှု နည်းပါး လာသည့် မန်ယူ အသင်း ပရိသတ်များ အကြားတွင် မော်ရင်ဟို ပုံပါသည့် လည်စည်း ပုဝါများ ကို ရောင်းချ ဝတ်ဆင် မှုများ ရှိလာ ကြသည်။

ဗန်ဟားလ်၏ ရာထူး နေရာ မသေချာတော့သည့် အနေ အထားတွင် ပရိသတ် များသည် မန်ယူနှင့် သတင်းထွက် နေသည့် နည်းပြ မော်ရင်ဟိုကို ထောက်ခံကြောင်း ပြသသည့် အနေဖြင့် ချယ်လ်ဆီးနှင့် ဂိုးမရှိ သရေကျသည့် ပွဲမတိုင်မှီ ဘောလုံးကွင်း ဝန်းကျင်တွင် တရားဝင် မဟုတ်သည့် လည်စည်း ပုဝါများကို ရောင်းချနေ ကြခြင်း ဖြစ်သည်။

ပေါ်တူဂီ လူမျိုး နည်းပြ မော်ရင်ဟို မန်ယူ အသင်းကို ဗန်ဟားလ် စွန့်ခွာ သွားပါက နည်းပြသစ် ဖြစ်လာရန် လွန်စွာ ရေးပန်းစား နေသည်။

မော်ရင်ဟိုကို ထောက်ခံသည့် အပြုအမူ များမှာ မော်ရင်ဟို၏ အသင်းဟောင်း ချယ်လ်ဆီး အသင်းနှင့် အိုးထရက်ဖို့ဒ်တွင် ဂိုးမရှိ သရေကျသည့် ပွဲ၌ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ယင်းသရေပွဲမှာ မန်ယူ အသင်းကို ရှစ်ပွဲမြောက် အဖြစ်နိုင်ပွဲ ပျောက်စေခဲ့ပြီး အသက် ၆၄ နှစ်ရှိ ဗန်ဟားလ်က လက်ရှိ ဆိုးရွားနေသော ပုံစံကို မပြင်နိုင် ခဲ့ပါက ရာထူးမှ နုတ်ထွက်ဖွယ် ရှိသည်ဟု အရိပ်အမြွက် ပြောဆိုခဲ့သည်။

Ref; Daily Mail

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9209


No comments:

Post a Comment