မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 6, 2015

လိဂ်ဖလားအတွက် ရည်ရွယ်ထားတဲ့ ကြိုးကြာနီတွေရဲ့ အနောက်တိုင်း ဝတ်စုံ




လီဗာပူးလ် စတားတွေ ကတော့ သူတို့ အသင်းရဲ့ အနောက်တိုင်း ဝတ်စုံတွေကို မိတ်ဆက် ခဲ့ကြပြီး ပရိသတ် အတော် များများကတော့ သဘောတွေ့ ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ suit တွေကိုတော့ Hugo Boss က စပွန်ဆာ ပေးထားတာ ဖြစ်ပြီး အတော်လေးကို မျက်စိပသာဒ ရှိတာကို တွေ့ရ ပါတယ်။

လိဂ်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက် ခဲ့တဲ့ ကြိုးကြာနီတွေဟာ ကွာတားဖိုင်နယ် ဂိုးသွင်းရှင်တွေ ဖြစ်တဲ့ Sturridge , Origi တို့အပြင် ဖန်တီးရှင် Emre Can ကလည်း ဝတ်စုံ မော်ဒယ် အဖြစ် ဓာတ်ပုံ အရိုက်ခံ ခဲ့ကြပါတယ်။

အကယ်လို့ လီဗာပူးလ်အသင်းသာ စတုတ်အသင်းကို ကျော်ဖြတ်ပြီး လိဂ်ဖလားမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ရင် ဒီဝတ်စုံကို ဝတ်ဆင်သွားဖို့ မျှော်မှန်း ထားတယ်လို့ သိရပါတယ်။

ဒီဝတ်စုံနဲ့ အလိုက်ဖက်ဆုံး ဖြစ်နေတာ ကတော့ ဒါဇင်ဝက် အောင်ပွဲမှာ အရေးပါခဲ့တဲ့ တိုက်စစ်မှူး Sturridge ဖြစ်ပြီး ခန့်ခန့် ညားညားနဲ့ ကြည့်ကောင်း နေခဲ့ ပါတယ်။

သူတို့ဟာ ဇန်နဝါရီလအတွင်းမှာ စတုတ်အသင်းနဲ့ ဆီမီးဖိုင်နယ် အဖြစ် ကစားရမှာ ဖြစ်ပြီးတော့ ဖေဖော်ဝါရီလ အတွင်းမှာတော့ ဖိုင်နယ် ပွဲစဉ်ကို ကစားရမှာပါ။

လီဗာပူးလ် အသင်းဟာ ဂျာမန်နိုင်ငံသား နည်းပြ Klopp ရောက်လာ တည်းက အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ပြသနိုင် ခဲ့ပြီး ဝင်ဘလေကွင်းမှာ ကြိုးကြာနီ တို့က လိဂ်ဖလားနဲ့ အတူ အောင်ပွဲခံဖို့ မျှော်မှန်းနေ တာပါ။

လိဂ်ဖလားမှာတော့ လီဗာပူးလ် အသင်းအနေနဲ့ မန်စီးတီး၊ အဲဗာတန် စတဲ့ အသင်းကြီးတွေ ကျန်နေသေးလို့ အကြိတ်အနယ် ယှဉ်ပြိုင်ရ အုံးမှာဖြစ်ပေ မယ့်လည်း လှပတဲ့ အနောက်တိုင်း ဝတ်စုံနဲ့ တံဆိပ် တစ်ခုခု ကတော့ အလိုက်ဖက်ဆုံး ဖြစ်နေမှာပါပဲ။

Ref : Mirror

Original link - http://sports.thithtoolwin.com/2015/12/blog-post_6.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment