စင်ကာပူမှာ ကျင်းပနေတဲ့ အာဆီယံ မသန်းစွမ် အားကစား ပြိုင်ပွဲမှာ ဒီဇင်ဘာ ၇ ရက်မနက် အထိ စာရင်းတွေ အရ မြန်မာ အသင်းက ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၂၂ ခု ရရှိထားပြီး နိုင်ငံ အလိုက် အမှတ်စဉ် ၆ နေရာမှာ ရှိပါတယ်။
ထိပ်ဆုံးမှာ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ် ၄၆ ခု၊ ငွေတံဆိပ် ၄၅ ခု၊ ကြေးတံဆိပ် ၂၇ ခု ရရှိ ထားပါတယ်။
အင်ဒိုနီးရှားအောက်မှာ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူတို့က အစဉ်လိုက် ရှိနေပါတယ်။
အာဆီယံ မသန်းစွမ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/125880
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment