မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 8, 2015

ဆွမ်ဆီးနည်းပြသစ် ဖြစ်လာနိုင်တဲ့ မန်ယူ နည်းပြဟောင်း Moyes




ရလဒ်တွေ ဆက်တိုက် ဆိုးဝါးနေတဲ့ ဆွမ်ဆီး အသင်းကတော့ အသင်း နည်းပြနေရာ အတွက် မန်ယူ နည်းပြဟောင်း David Moyes နဲ့အတူ ဆွေးနွေး မှုတွေ ပြုလုပ်နေ တယ်လို့ သိရပါတယ်။

သူတို့ဟာ လက်ရှိ နည်းပြဖြစ်တဲ့ Garry Monk ကို ရာထူးက ထုတ်ပယ် ချင်နေပြီး David Moyes ကို ဦးစားပေး နည်းပြ အဖြစ် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဆွမ်ဆီးအသင်း ဥက္ကဌ Huw Jenkins David Moyes ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အသင့်ဖြစ်နေ တယ်လို့ သိရပါတယ်။

ဆွမ်ဆီးအသင်းဟာ အခုလို ရလဒ်ဆိုးတွေ ကနေ ရုန်းထွက်နိုင်ဖို့ အတွက် အသင်းမှာ ကောင်းကောင်း ဦးဆောင်နိုင်မယ့် နည်းပြတစ်ယောက် လိုအပ်နေပြီးတော့ ဒီလိုဦးဆောင်နိုင်တဲ့ သူကလည်း Moyes သာ ဖြစ်လာ လိမ့်မယ်လို့ Jenkins က ယုံကြည်နေ တာပါ။

Moyes ကတော့ ဆိုစီဒက်အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ် ခံရပြီးတဲ့နောက်မှာ ဘောလုံးလောကကို အလျင်အမြန်ပြန် ဝင်ရောက်အုံးမှာ မဟုတ်ဘဲနဲ့ အချိန်ယူ ပြင်ဆင် အုံးမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ဆွမ်ဆီးပရိသတ်တွေကတော့ လက်ရှိနည်းပြ Monk ကို အတော်လေးကို စိတ်ပျက်လျက်ရှိကြပြီး အခြေအနေဆိုးတွေက ရုန်းထွက်နိုင်အောင် စွမ်းဆောင်ပေးနိုင်မယ့် နည်းပြတစ်ယောက်ယောက်ကို အမြန်အစားထိုးစေချင်နေလျက်ရှိတယ်လို့ သိရပါတယ်။

Jenkins ကတော့ Monk ကို ထုတ်ပယ်ဖို့ အသင့်ရှိနေပြီး လာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာတော့ အသင်းကို စိတ်ကြိုက် ပြင်ဆင်ခွင့်ပြုပြီး အခွင့်အရေးပေးထားတယ်လို့ သိရပါတယ်။

ဆွမ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ဆယ့်တစ်ပွဲမှာ တစ်ပွဲသာနိုင်ခဲ့ပြီး ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

Ref : Dailymail

Original link - http://sports.thithtoolwin.com/2015/12/moyes.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment