မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 8, 2015

အက်ဖ်အေဖလား တတိယအဆင့်တွင် လက်ရှိချန်ပီယံ အာဆင်နယ်တို့ ဆန်းဒါးလန်းနှင့် တွေ့ဆုံ




အင်္ဂလန်၊ ဒီဇင်ဘာ ၈

အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်များ အတွက် ခဲနှိုက်ခဲ့ ရာတွင် လက်ရှိ ချန်ပီယံ အာဆင်နယ် အသင်းသည် ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်း တစ်သင်းဖြစ်သည့် ဆန်းဒါးလန်း အသင်းနှင့် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

ထိုပွဲစဉ်များတွင် ပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ပွဲစဉ် ငါးပွဲပါဝင်လာခဲ့သည်။ ထိုပွဲစဉ်များမှာ စပါးနှင့် လက်ရှိပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာ၊ မန်စီးတီးနှင့်နောဝှစ်ခ်ျ၊ ဆောက်သမ်တန်နှင့်ခရစ္စတယ်ပဲလေ့စ်၊ ၀က်ဖို့ဒ်နှင့်နယူးကာဆယ်၊ အာဆင်နယ်နှင့် ဆန်းဒါးလန်းတို့ ပွဲစဉ်များဖြစ်သည်။

ချယ်လ်ဆီးအသင်းမှာ လေတန်အိုးရီးယန့်(သို့မဟုတ်)စကန်သော့ပ်အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မန်ယူမှာ ရှက်ဖီးယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သည့်အတွက် အခြား ပရီးမီးယားလိဂ် အသင်းကြီးများထက် ပွဲချောင်လျက်ရှိသည်။

နည်းပြဂျာဂင်ကလော့ပ်၏ လီဗာပူးလ်မှာလည်း လိဂ်-၂ ကလပ် အိတ်စတာအသင်းနှင့်အဝေးကွင်းတွင် ကစားရမည်ဖြစ်သည့်အတွက် ပွဲချောင်နေသည်။

လက်ရှိချန်ပီယံ အာဆင်နယ်အသင်းမှာ အက်ဖ်အေဖလားကို ၁၂ ကြိမ်အထိ ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်း၏နောက်တွင် မန်ယူက ၁၁ ကြိမ်၊ စပါးက ၈ ကြိမ်၊ လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် ဗီလာတို့က ၇ ကြိမ်စီဖြင့် ရပ်တည်နေကြသည်။

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များကို ၂၀၁၆ ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ကြားတွင် ကစားသွားမည် ဖြစ်သည်။

Ref: BBC

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/8292

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment