လီဗာပူးလ် အသင်းသားတွေနဲ့ နည်းပြ Klopp တို့ဟာ လီဗာပူးလ် ဒေသက Alder Hey ကလေး ဆေးရုံမှာ ခရစ္စမတ် လက်ဆောင်တွေ ပေးခဲ့ ကြတယ်လို့ သိရ ပါတယ်။ ကြိုးကြာနီတွေဟာ သူတို့ရဲ့ မာဆေးဆိုက် ဒေသ တစ်ဝိုက်မှာ ခရစ္စမတ်ကာလ ရောက်တိုင်း အခုလို အစီအစဉ်တွေ ပြုလုပ်လေ့ရှိပြီး အခုနှစ်မှာတော့ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ မိသားစု ဝင်တွေကို ပျော်ရွှင်အောင် ပြုလုပ် ပေးနိုင်ခဲ့ ပါတယ်။
ဒီ ပျော်ပွဲရွှင်ပွဲမှာတော့ ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ Sturridge နဲ့ Joe Gomez တို့လည်း ပါဝင်ခဲ့ကြပြီး Jordan Henderson, Mamadou Sakho, Lucas Leiva, Martin Skrtel, Philippe Coutinho, Adam Lallana, Roberto Firmino, Jose Enrique, Allan Rodgrigues de Souza, Adam Bogdan, Cameron Brannagan နဲ့ Connor Randall စတဲ့ ကစားသမားတွေပါ အစုံအညီ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။
သူတို့ဟာ လက်ဆောင်တွေ အပြင် အရုပ်တွေ ၊ လာဘ်ကောင်လေးတွေကို ကလေးငယ်တွေကို ဝေမျှခဲ့ကြပြီး ကလေးငယ်တွေ ကိုလည်း အားပေးစကားတွေ ပြောဆိုပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆေးရုံကိုတော့ မကြာသေးခင်ကမှ မန်ယူတိုက်စစ်မှူး Rooney ကလည်း သွားရောက် လက်ဆောင်တွေ ပေးခဲ့ဖူးပါတယ်။
နည်းပြ Klopp ကလည်း ဝက်ဒ်ဖို့ဒ်အသင်းနဲ့ ပွဲမတိုင်ခင်မှာ အခုလို သွားရောက်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
Ref : Dailymail
Original link - http://sports.thithtoolwin.com/2015/12/blog-post_20.html
No comments:
Post a Comment