မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 19, 2015

ချဲလ်ဆီး ၃-၁ ဆန်းဒါးလန်း၊ မန်ယူ ၁-၂ နော့ဝစ် (ရုပ်သံဟိုက်လိုက်)




ဒီဇင်ဘာ ၁၉ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ နည်းပြ မော်ရင်ဟိုအထုတ်ခံထားရတဲ့ ချဲလ်ဆီးအသင်းက ဆန်းဒါးလန်းအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ချဲလ်ဆီးအသင်း အတွက် ပထမဂိုး ကိုတော့ ပွဲစပြီး ၅ မိနစ်မှာ ထောင့်ကန်ဘောက တဆင့် အီဗန်နိုဗစ်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ဂိုးကိုတော့ ပွဲချိန် ၁၃ မိနစ်မှာ ညာခြမ်းက အီဗန်နိုဗစ် ဂိုးရှေ့ဖြတ်တင် ပေးတဲ့ ဘောလုံးကို ပီဒရိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

တတိယ ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ မှာ အော်စကာက ပင်နယ်တီက တဆင့် သွင်းယူခဲ့ ပါတယ်။



ဆန်းဒါးလန်း အသင်း အတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် ၅၃ မိနစ်မှာ ဘိုရီနီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ ဒီပွဲ အနိုင်ကြောင့် ၁၇ ပွဲကစား ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပြီး ဆန်းဒါးလန်း အသင်း ကတော့ ၁၇ ပွဲကစား ရမှတ် ၁၂ မှတ်နဲ့ တန်းဆင်းဇုန်းထဲ ကျရောက်နေပါတယ်။



တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက အိမ်ကွင်းမှာ နော့ဝစ်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

နော့ဝစ်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၈ မိနစ်နဲ့ ၅၄ မိနစ်တွေမှာ ဂျရိုးမီနဲ့ တက်တီတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသွင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ မာရှယ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ယူဟာ ဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယား အဆင့် ၄ ကနေ ၅ ကို ဆင်းပေးလိုက်ရပြီး နော့ဝစ်အသင်းကတော့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။

By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/127584


No comments:

Post a Comment