မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

Ronaldinho ဆွစ်ဇာလန်မြေကို ပြောင်းရွှေ့အုံးမလား ???




ဘာစီလိုနာ အသင်းနဲ့ ကမ္ဘာကျော် တိုက်စစ်မှူးဟောင်း Ronaldinho ဟာ ဆွစ်ဇာလန် ကလပ် အသင်း တစ်သင်းဖြစ်တဲ့ ဆီယွန် အသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ် လာတာပါ။

သူဟာ အခုလောလောဆယ်မှာတော့ အသင်း လက်မဲ့ဖြစ်နေပြီး ဘရာဇီးကလပ် ဖလူမင်းနိစ် အသင်းကနေ ထွက်ခွာ လာခဲ့တာပါ။ ဆွစ်ဇာလန် ကလပ် အသင်းဖြစ်တဲ့ ဆီယွန် အသင်းကတော့ လီဗာပူးလ် အသင်းနဲ့ သရေကျ ခဲ့ပြီးတဲ့နောက်မှာ အသင်း သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက် ထားနိုင်ပါတယ်။

သူတို့ဟာ ၃၂ သင်း အဆင့်မှာတော့ ပေါ်တူဂီကလပ် ဘရာဂါအသင်းနဲ့ ကစားရမှာ ဖြစ်ပြီးတော့ ကစားသမား အင်အားဖြည့်တင်းနိုင်ဖို့ အတွက် Ronaldinho ကို ဦးစားပေး ပစ်မှတ် အနေနဲ့ ချိန်ရွယ်ထားတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဒီကစားသမားဟာဆိုရင်တော့ ဘောလုံးမကစားတာ သုံးလလောက်ကြာမြင့်သွားပြီဖြစ်ပြီး သူ့အနေနဲ့ရော ဆီယွန်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတဲ့ပုံစံမျိုးတော့ မပြသေးပါဘူး ။

ဆီယွန်အသင်းဥက္ကဌကတော့ သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ Ronaldinho ဖြစ်ပြီး အသင်းကို အကျိုးရှိစေမယ့် ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ပြောထားပြီး လာမယ့်နှစ်သစ်ကူးမှာ ရအောင်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။

တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Ronaldinho ရဲ့ အနာဂတ်ကတော့ လာမယ့် နှစ်သစ်ကူးမှာ ဘယ်လိုပြောင်းလဲမှုတွေ ထပ်ဖြစ်လာအုံးမလဲလို့ အတိအကျ ပြောလို့ မရသေးပါဘူး။

Ref : Dailymail

Original link - http://sports.thithtoolwin.com/2015/12/ronaldinho.html


No comments:

Post a Comment