မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 10, 2015

ဘယ်သူမှ ချယ်လ်ဆီးကို မကြောက်ကြဘူးလို့ နည်းပြ Mourinho ပြော




ပေါ်တို နောက်ခံလူ Marcano ရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းဂိုးနဲ့ Willian ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ပေါ်တိုကို အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး အသင်းဟာ လက်ရှိ ချန်ပီယံလိဂ်မှာ အင်အား အနည်းဆုံးဖြစ်ပြီး သူတို့ အသင်းနဲ့ ကစားချင်တဲ့ အသင်းတွေ များနေတယ်လို့ နည်းပြ Mourinho က ပြောပါတယ်။

ချယ်လ်ဆီးဟာ ၁၆ သင်းအဆင့် မှာတော့ ဂျန့် ၊ ရိုးမား ၊ ဘင်ဖီကာ ၊ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ် ၊ ပီအက်စ်ဗွီ အသင်းတို့နဲ့ ထိပ်တိုက် တွေ့ဆုံဖွယ် ရှိနေ တာဖြစ်ပြီး ပြိုင်ဘက် အသင်းတွေဟာ ခြေစွမ်းပိုင်း အရ အတော်လေး ကောင်းမွန်နေ ကြတာကြောင့် Mourinho က အခုလို ပြောလိုက် တာလည်း ဖြစ်ပါတယ်။

" ကျွန်တော်တို့အသင်းရဲ့ ခြေစွမ်းဟာ ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်လောက်တဲ့အထိ မကောင်းမွန်ပါဘူး။ ဥရောပက အကောင်းဆုံးအသင်းတွေက ဒီမှာရှိနေတာပါ။ ကျွန်တော်တို့အသင်းနဲ့ လူတိုင်းကစားချင်နေကြပါတယ်။ သူတို့ဟာ ဘိုင်ယန် ၊ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ကစားရမှာတော့ ကြောက်တတ်ကြတယ်။

ဒါပေမယ့်လည်း ပေါ်တိုနဲ့ ၂၀၀၄ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတုန်းက ကျွန်တော်တို့ဟာ ပြိုင်ဘက်ကောင်းမဟုတ်ခဲဘူးလို့ ပြောခဲ့တယ်။ ၂၀၁၀ အင်တာအသင်းနဲ့ ချန်ပီယံလိဂ်ဖလားရတုန်းကလည်း အခုလိုပဲပြောခဲ့တာ။

ကျွန်တော် ပြိုင်ဘက်ကောင်းပါလို့ ပြောခဲ့တုန်းက ဆီမီးဖိုင်နယ်အရောက်မှာ ရှုံးတာပဲ။ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးအသင်းကို နည်းပြတုန်းကပေါ့ ။ ဒါ့ကြောင့် ဘာတွေဖြစ်လာမယ်ဆိုတာ ခင်ဗျားမသိပါဘူး " လို့ Mourinho က စကားကို ပါးပါးနပ်နပ်နဲ့ ပြောဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကောင်းမွန်တဲ့ ကစားပုံကို ပြန်ပြနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ပရီးမီးယားလိဂ်မှာ သူတို့အသင်းပြန်လာနိုင်မယ်လို့ မျှော်လင့်နေပြီး အရှုံးတွေကနေ ရုန်းထွက်နိုင်မယ်လို့ အသင်းသားတွေက ယုံကြည်နေကြပါတယ်။

Mourinho ကတော့ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ထိပ်ဆုံးလေးသင်းနေရာအတွက် သူတို့အသင်းက လမ်းကြောင်း သွေဖယ်သွားပြီလို့ ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း Mourinho က " သချာင်္နည်းနဲ့ တွက်မယ်ဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ ပွဲတိုင်းမှာ အမှတ်ပြည့်ရဖို့ ကြိုးစားသွားကြမှာပါ။ အုပ်စုတက်ဖို့ တစ်မှတ်ပဲလိုတာတောင် အနိုင်ကစားနိုင်ခဲ့တာကြောင့် ထိပ်ဆုံးလေးနေရာအတွက်တော့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။

ထိပ်ဆုံးလေးသင်းစိန်ခေါ်မှုကို လက်ခံလိုက်ကြစမ်းပါ " လို့ သူ့အသင်းသားတွေကို အားပေးစကားပြောကြားခဲ့ပါတယ်။

Ref : Goal.com

Original link - http://sports.thithtoolwin.com/2015/12/mourinho.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment