တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဗီလာရီးရဲလ် အသင်းနဲ့ ပွဲစဉ်မှာ ရီးရဲလ်တို့ ရှုံးပွဲ ကြုံခဲ့ရပြီး ဖိအားတွေ တိုးခဲ့ ရပါတယ်။ ပြိုင်ဘက် ဘာစီလိုနာ ခြေချော်တာကို အခွင့်ကောင်း မယူနိုင်ခဲ့ဘဲနဲ့ ကံကောင်း လို့သာ ဂိုးပြတ်ခြေပြတ် မရှုံးခဲ့ တာပါ။ ဒီလိုအခြေ အနေတွေကြောင့် ဘာစီလိုနာ အသင်းနဲ့ ငါးမှတ် အထိ ပြန်လည်ကွာဟ သွားခဲ့ ရပါတယ်။
အသင်းကလည်း အခုလို အကျဉ်းအကျပ်ဖြစ်နေသလို Ronaldo တစ်ယောက်လည်း သူမရချင်တဲ့ စံချိန်တစ်ခုကို ရရှိနေပါပြီ။ အဲ့ဒါကတော့ သူ့ရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝတစ်လျှောက် လာလီဂါ အဖွင့်မှာ အဆိုးရွားဆုံး စံချိန်တစ်ခုကို ရောက်ရှိနေခဲ့လို့ပါ။
သူဟာ ချန်ပီယံလိဂ်မှာတော့ ပုံစံကောင်းတွေ ရနေခဲ့ပေမယ့်လည်း လာလီဂါမှာတော့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
သူ ရီးရဲလ်မက်ဒရစ်ကို စရောက်ရှိတဲ့ ၂၀၀၉ ခုနှစ်ကနေ ရေတွက်မယ် ဆိုရင်တော့ သူ့ရဲ့ ဂိုးသွင်းနှုန်းက သိသိသာသာ ကျဆင်းနေ ခဲ့ပါတယ်။ သူဟာ အသင်းငယ် တွေနဲ့ တွေ့ရင်တော့ ခြေစွမ်း
ပြနိုင် ပေမယ့် တန်းတူ အသင်းတွေနဲ့ ယှဉ်လိုက်မယ် ဆိုရင် ခြေစွမ်း သိသိ သာသာ ကျဆင်းပြီး အပိုင် အခွင့်အရေး တွေကိုတော့ ဂိုးအဖြစ် မပြောင်းလဲနိုင် တာကြောင့် ဝေဖန် ခံနေ ရပါတယ်။
ဒါ့ကြောင့် Ronaldo ကို ကွင်းပြင်ပ လုပ်ဆောင် ချက်တွေကို လျှော့ချပစ်ဖို့ အကြံပေး မှုတွေလည်း ရှိနေခဲ့ တယ်လို့ သိရပါတယ်။
Ref : Goal.com
Original link - http://sports.thithtoolwin.com/2015/12/ronaldo_15.html
No comments:
Post a Comment